Connect with us

Asia

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က အမေရိကန်သမ္မတထရမ့်ထံမှ ပေးစာတစ်စောင်လက်ခံရရှိ

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့ အားအတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်သည် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်ထံမှ ပေးပို့လာသော ပုဂ္ဂိုလ်ရေးပေးစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ယနေ့ဇွန် ၂၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

၎င်းပေးစာအား ဖတ်ကြားပြီးနောက်တွင် ကင်ဂျုံအန်က “ စာထဲမှာပါတဲ့အကြောင်းအရာက သိပ်ကိုကောင်းမွန်လို့ကျေနပ်စရာကောင်းပါတယ်” ဟု ပြောကြားခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ထို့ပြင် မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင်က “ စာပါအကြောင်းအရာမှာ စိတ်ဝင်စားကောင်း၍ ၎င်းအနေဖြင့် အလေးအနက်ထားပါကြောင်း” သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

သို့သော် အဆိုပါပေးစာတွင် မည်သည့်အကြောင်းအရာများပါဝင်သည်ကို မြောက်ကိုရီးယားသတင်းအေဂျင်စီက အသေးစိတ် ဖော်ပြထားခြင်းမရှိပေ။(Xinhua)