Connect with us

Asia

ကာဇက်စတန်နိုင်ငံ သမ္မတ နာဇာဘေယက်ဗ် ရာထူးမှ အနားယူ

ကာဇက်စတန်နိုင်ငံ သမ္မတ နာစူလ်တန် နာဇာဘေယက်ဗ်အား တွေ့ရစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ကာဇက်နိုင်ငံ သမ္မတ နာစူလ်တန် နာဇာဘေယက်ဗ် (Nursultan Nazarbayev) သည် ဆယ်စုနှစ်သုံးခုနီးပါးကြာ နိုင်ငံကိုဦးဆောင်လာပြီးနောက် မတ်လ ၁၉ ရက်တွင် ရာထူးမှ အနားယူလိုက်ကြောင်း ရုတ်တရက်ကြေညာလိုက်သည်။

“ကာဇက်စတန်နိုင်ငံ တည်ထောင်သူတစ်ဦးအနေနဲ့ နိုင်ငံကိုပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်ဖို့ လာမယ့်မျိုးဆက်သစ်ခေါင်းဆောင်သစ်တွေကို အာဏာလွှဲပြောင်းပေးဖို့ ကျွန်တော့်ရဲ့ အနာဂတ်တာဝန်ပါပဲ” ဟု မတ်လ ၂၀ ရက်တွင် ၎င်း၏ သမ္မတသက်တမ်းအဆုံးသတ်ပြီဖြစ်ကြောင်း အမိန့်အား လက်မှတ်မရေးထိုးမီ ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် နာဇာဘေယက်ဗ်က ပြောကြားခဲ့သည်။

၎င်းအနေဖြင့် နိုင်ငံ၏ လုံခြုံရေးကောင်စီ အကြီးအကဲနှင့် Nur Otan ပါတီ ခေါင်းဆောင်နှင့် အခြေခံဥပဒေဆိုင်ရာကောင်စီ အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်းပြောခဲ့သည်။

အထက်လွှတ်တော် ဥက္ကဋ္ဌ ကက်ဆင်-ဂျိုမတ် တိုကေယက်ဗ် (Kassym-Jomart Tokayev) က ကာဇက်စတန်နိုင်ငံ၏ ယာယီသမ္မတအဖြစ် တာဝန်ယူထားမည် ဖြစ်သည်။

အသက် ၇၉ နှစ်ရှိပြီဖြစ်သော နာဇာဘေယက်ဗ်သည် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံမှ ကာဇက်စတန်နိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက သမ္မတတာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.