Connect with us

Asia

အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အဆောက်အဦးပြိုကျ၍ လူ၂ဦးသေဆုံး၊ ကယ်ဆယ်ရေးများဆက်လက်ဆောင်ရွက်လျက်ရှိ

အဆောက်အဦးပြိုကျမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

နယူးဒေလီ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်၌ မတ်လ ၁၉ ရက် တွင် ဆောက်လုပ်ဆဲ အဆောက်အဦးပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံအစိုးရက မတ်လ ၂၀ရက် တွေ ပြောကြားခဲ့သည်။

လူ ၃၇ ဦးအား ဘေးလွတ်ရာသို့ ကယ်တင်ခဲ့ပြီး ပြိုကျခဲ့သည့် အဆောက်အဦးအကျိုးအပဲ့များကြားထဲတွင် လူ၁၅ ဦးသည် ပိတ်မိလျက်ရှိကြောင်း သိရသည်။

ထိုမတော်တဆမှုသည် Dharwad ဒေသရှိ Kumareshwar Nagarပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းသည်။လေးထပ် ရှိသောအဆိုပါအဆောက်အဦးသည် စီးပွားဖြစ်အဆောက်အအုံတွင် တည်ရှိသည်။ အဆောက်အဦးမှာ ပြီးစီးရန် လိုသေးသော်လည်း ဆိုင်အချို့် သည် အငှားချထားပြီးဖြစ်ကြောင်း၊ The Time အိန္ဒိယသတင်းတွင် မတ်လ ၂၀ ရက် နေ့တွင် ဖော်ပြခဲ့သည်။

အပျက်အစီးများ ကြားမှ လူများအားကယ်တင်ရန် အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) နှင့် အတူ ဒေသအာဏာပိုင်များ က ပူးပေါင်းဆောင်ရွက်ကြောင်း တရားဝင်သတင်းအရင်းအမြစ်ထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.