Asia
ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးအစည်းအဝေးအား တိုက်ရိုက်ထုတ်လွှင့်ရန် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ သဘောတူ

ဆိုးလ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ပန်မွန်ဂျုံ (Panmunjom) ကျေးရွာ၌ ယနေ့ (ဧပြီလ ၁၈ ရက်) ပြုလုပ်သော လုပ်ငန်းအဆင့် ဆွေးနွေးပွဲများပြီးနောက် မကြာမီကျင်းပမည့် ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးအစည်းအဝေးအား တိုက်ရိုက်ထုတ်လွှင့်ရန် သဘောတူခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က ပြောကြားခဲ့သည်။ (Xinhua)