Connect with us

Asia

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု က လမ်းကြောင်း တစ်လျှောက် နိုင်ငံ များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အထောက်အကူ ဖြစ်စေကြောင်း လေ့လာတွေ့ရှိ

ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး နှီးနှောဖလှယ်ပွဲ အခမ်းအနား ကျင်းပ နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံပေါင်း ၂၆ နိုင်ငံ ၏ ဗဟိုဘဏ် များအနက် ရာခိုင်နှုန်း ၉၀ ကျော် က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် အနာဂတ် ၅ နှစ်တာ ကာလ အတွင်း ၎င်းတို့ နိုင်ငံ များ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေး နိုင်မည် ဟု လက်ခံ ထားကြပြီး တရုတ် နိုင်ငံ ဦးဆောင်သည့် နိုင်ငံပေါင်းစုံ အဖွဲ့အစည်း နှင့်ပတ်သက်၍ တက်ကြွစွာ ပါဝင်လိုကြောင်း စာရင်းပြုစုချက်အရ တွေ့ရှိ ခဲ့သည်။

နိုင်ငံတကာ ငွေကြေးဖိုရမ် နှင့် ဗြိတိန် ဗဟိုဘဏ် မဂ္ဂဇင်း တို့က ဧပြီလ ၁၈ ရက် နေ့၌ ဝါရှင်တန် တွင် အတူတကွ အသစ်ထုတ်ပြန်လိုက်သည့် “ခေတ်သစ်ပိုးလမ်းမကြီး ၅ နှစ်ပြည့် စာရင်းပြုစုချက် အစီရင်ခံစာ” တွင် စာရင်းပြုစုမှု ခံယူထားသည့် နိုင်ငံ အသီးသီး ၏ ဗဟိုဘဏ်များ အနက် ၆၇ ရာခိုင်နှုန်း က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကြောင့် အနာဂတ် ၅ နှစ်တာ ကာလ အတွင်း နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို ၁.၅ ရာခိုင်နှုန်း အထိ မြင့်တက်လာနိုင်ရန် အထောက်အကူ ပြုမည် ဟု ခန့်မှန်းထားကြောင်း ၊ ဗဟိုဘဏ် ၂၅ ရာခိုင်နှုန်း က နိုင်ငံ စီးပွားရေး ကို ၁.၅ မှ ၅.၅ ရာခိုင်နှုန်း အထိ မြှင့်တင်ပေး နိုင်မည် ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာတွင် ပါဝင် ခဲ့သည်။

ထို့ပြင် အစီရင်ခံစာ တွင် ဗဟိုဘဏ် ၆၀ ရာခိုင်နှုန်း ကျော် က AIIB နှင့် New Development Bank BRICS တို့မှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ထောက်ခံကြပြီး ယင်းမှတစ်ဆင့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း များအတွက် ငွေကြေးထောက်ပံ့မှု ပိုမို ရရှိစေမည် ဟု ခံယူ ထားကြောင်း တွေ့ရှိရသည်။

နိုင်ငံတကာ ငွေကြေးဖိုရမ် က ၂၀၀၃ ခုနှစ် အောက်တိုဘာလ တွင် တရုတ် ၊ အမေရိကန် နှင့် အီးယူ စသည့် နိုင်ငံပေါင်း ၂၀ ကျော် နှင့် သက်ဆိုင်ရာ နိုင်ငံ တကာ အဖွဲ့အစည်းပေါင်း ၇၈ ဖွဲ့ တို့မှ အတူတကွ ထူထောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ငွေကြေး ကဏ္ဍတွင် ထိပ်သီး တွေ့ဆုံဆွေးနွေးမှု နှင့် သုတေသန ဆောင်ရွက်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)