Asia
ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တိုက်ရိုက် ဆွေးနွေးရန် အရေးပေါ်ဖုန်းလိုင်း ဖွင့်လှစ်ကြောင်း အိမ်ပြာတော် ပြောကြား

ဆိုးလ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တိုက်ရိုက် ဆွေးနွေးနိုင်ရန် အရေးပေါ်ဖုန်းလိုင်းအား နှစ်နိုင်ငံလုံးက ဖွင့်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က ဧပြီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
တောင်ကိုရီးယား အစိုးရရုံးအဖွဲ့ ညွှန်ကြားရေးမှူး Yun Kun-young က အဆိုပါ အရေးပေါ်လိုင်းသည် တောင်ကိုရီးယား၏ သမ္မတအိမ်တော်နှင့် မြောက်ကိုရီးယား၏ နိုင်ငံရေးရာကော်မရှင်အကြား ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကိုရီးယား နှစ်နိုင်ငံမှ လုပ်ငန်းအဆင့် တာဝန်ရှိသူများသည် ဒေသစံတော်ချိန် ညနေ ၃း၄၁ နာရီက စမ်းသပ်ခေါ်ခဲ့ကြောင်း၊ ဖုန်းလိုင်း ဆက်သွယ်ရေးမှာ ကောင်းမွန်ကြောင်း Yun က ဆိုသည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) နှင့် မြောက်ကိုရီးယားနိုင်ငံ ကင်ဂျုံအန်တို့သည် ဧပြီလ ၂၇ ရက်တွင် နယ်စပ်ကျေးရွာဖြစ်သော ပန်မွန်ဂျန်၌ ပထမဆုံး ထိပ်သီးအစည်းအဝေး မပြုလုပ်မီ အရေးပေါ်ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ်ရန် သဘောတူထားခဲ့ကြောင်း သိရသည်။ (Xinhua)