Connect with us

Asia

နျူကလီးယားနှင့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံ စမ်းသပ်မှုများ မြောက်ကိုရီးယား ရပ်ဆိုင်း

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဒုံးကျည်စမ်းသပ်မှု တစ်ခုပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပြုံယမ်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်မှုများနှင့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံ (ICBM) စမ်းသပ်မှုများအား ဧပြီလ ၂၁ ရက်မှစတင်ကာ ချက်ချင်း ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Korean Central News Agency (KCNA) က ဧပြီလ ၂၁ ရက်တွင် သတင်းဖော်ပြလိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်အား ကိုရီးယား အလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုက ဧပြီလ ၂၀ ရက်တွင် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း KCNA အရ သိရသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် “ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်ရန်၊ ကိုရီးယားကျွန်းဆွယ်နှင့် ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးကို ကာကွယ်မည့် အစီအစဉ်အတိုင်း အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နဲ့အတူ ရင်းရင်းနှီးနှီး ဆက်သွယ်မှု လွယ်စေရန်နှင့် တက်ကြွစွာ ညှိနှိုင်းဆွေးနွေးရန်” လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းအရ သိရသည်။

“ဒီလို နျူကလီးယား စမ်းသပ်မှု ဆက်မလုပ်ခြင်းဟာ ကမ္ဘာတစ်ဝှမ်း လက်နက်ဖျက်သိမ်းရေးအတွက် အရေးပါတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာရဲ့ ဆန္ဒနဲ့ နျူကလီးယား စမ်းသပ်မှု လုံးဝရပ်တန့်ရေးအတွက် အားထုတ်မှုများမှာ လက်တွဲသွားဖို့ရှိပါတယ်” KCNA က ဆိုသည်။

ယင်းသို့ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များ အသုံးပြုခြင်းသာမက နျူကလီးယား လက်နက်များ သို့မဟုတ် ၎င်းတို့နိုင်ငံအား နျူကလီးယားဆိုင်ရာ ရန်စခြင်းနှင့် ခြိမ်းခြောက်မှုများ မရှိသည့် အခြေအနေများတွင် နျူကလီးယား နည်းပညာ လွှဲပြောင်းပေးခြင်းများအား ဘယ်သောအခါမျှ ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းသည် အဆိုပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ကင်က နျူကလီးယား အင်အားကို အသုံးပြုသည့် စစ်ဆင်ရေးက အဆုံးသတ်သွားပြီဖြစ်ကြောင်းနှင့် ယခုတွင် စီးပွားရေး တည်ဆောက်မှုကို အာရုံစိုက်ရန် WPK ၏ မဟာဗျူမြောက် လမ်းကြောင်းသို့ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.