Connect with us

Asia

ခြောက်ကြိမ်မြောက် အာဖဂန်နစ္စတန် ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံ အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ်တွင် ကျင်းပ

RECCA လိုဂို ( ဓာတ္ပံု-mfa.gov.af)

ကဘူးလ်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ခြောက်ကြိမ်မြောက် အာဖဂန်နစ္စတန် ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ညီလာခံ (The Sixth Regional Economic Coorperation Conference on Afghanistan= RECCA) ကို အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ်တွင် ယနေ့ စတင် ကျင်းပခဲ့သည်။

ဒေသတွင်းနှင့် အပြင်ဘက်ရှိ နိုင်ငံပေါင်း ၃၀ ကျော်၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးမှုဘဏ် အပါအဝင် ဒေသ ဆိုင်ရာနှင့် နိုင်ငံတကာ အေဂျင်စီပေါင်း ၄၀ မှ ကိုယ်စားလှယ်များ ညီလာခံသို့ တက်ရောက်ခဲ့ကြပါသည်။

နှစ်ရက်ကြာ ပြုလုပ်မည့် အစည်းအဝေးတွင် ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုရေးရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒေသတွင်း စီးပွားရေးမြှင့်တင် ရာတွင် ပုဂ္ဂလိက ကဏ္ဍ၏ အခန်းကဏ္ဍတို့နှင့် ဆက်စပ်ပြီး ဆွေးနွေးကြမည် ဖြစ်သည်။

အာဖဂန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Hekmat Khalil Karzai က “ RECCA ကဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမှာ အရေးကြီးပြီး အာဖဂန် နစ္စတန်မှ အလေးထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု သူ၏ အဖွင့် မိန့်ခွန်းတွင် မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.