Connect with us

Asia

ဘန်ကောက် ဗုံးပေါက်ကွဲမှု သံသယရှိသူ တစ်ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လေးမျက်နှာ ဘုရားကျောင်း၌ ဗုံးပေါက်ကွဲမှု မြင်ကွင်း (ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ဘန်ကောက်မြို့ လေးမျက်နှာဘုရား အနီး ဗုံးပေါက်ကွဲမှုတွင် ပါဝင်ကြောင်း သံသယရှိသော ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးအား ထပ်မံ ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းပြည်တွင်း မီဒီယာများတွင် ကြာသပတေးနေ့က ဖော်ပြ ထားသည်။

တတိယမြောက် သံသယရှိသူ ဖြစ်သော Kamarudeng Saho အား ထိုင်နိုင်ငံတောင်ပိုင်း နာရာသီဝက်ပြည် နယ်ရှိ စူငိုင်ကိုလော့ ဒေသတွင် အင်္ဂါနေ့က ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ထိုဖမ်းဆီးရမိသူအား ဗုဒ္ဓဟူးနေ့တွင် ဘန်ကောက်သို့ ခေါ်ဆောင်သွားပြီး အမှတ် ၁၁ ခုမြောက် စစ်တပ်ဋ္ဌာနချုပ်တွင် ထိန်းသိမ်းထားခဲ့သည်။

စုံစမ်း ဖော်ထုတ်သူများသည် ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ ရှစ်ဦးထဲမှ တစ်ဦးဖြစ်သော ဝမ်နာ စူအန်စန်နှင့် ဆက်သွယ် မှုရှိခဲ့သဖြင့် ၎င်းအမျိုးသားအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပရာဝတ် သာဝေါန်စီရီ က ပြောကြားခဲ့သည်။ ဘန်ကောက်မြို့လယ်ရှိ လေးမျက်နှာ ဘုရားအနီး ဗုံးပေါက်ကွဲမှုတွင် အနည်းဆုံး လူပေါင်း ၂၀ သေဆုံးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ သည်။ ယင်းနေ့တွင်ပင် Sathorn ဆိပ်ကမ်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှုတော့ မရှိခဲ့ကြောင်း သိရသည်။ (Xinhua)