Connect with us

Asia

ဂျပန်နိုင်ငံအနောက်ကမ်းရိုးတန်း အလွန်တွင် ငါးဖမ်းလှေတိမ်းမှောက်၍ ၉ဦးပျောက်ဆုံးနေ

ဂျပန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဒီဇင်ဘာ ၁၄ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းအလွန်တွင် ဒီဇင်ဘာ ၁၄ရက် နံနက်အစောပိုင်းက ငါးဖမ်းလှေတစ်စီး တိမ်းမှောက်ခဲ့၍ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးအပါအဝင် သင်္ဘောသား ကိုးဦး ပျောက်ဆုံးနေကြောင်း ဂျပန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။

ငါးဖမ်းလှေသည် ဒေသစံတော်ချိန် နံနက် ၅း၂၀နာရီ၌ အင်ဂျင်ချို့ယွင်းချက်ကြောင့် ရှီမာနဲစီရင်စု မာစွတ်အဲမြို့အလွန်တွင် တိမ်းမှောက်ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများကဖော်ပြခဲ့သည်။

ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ၂၁နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးအပါအဝင် သင်္ဘောသား ကိုးဦးပျောက်ဆုံးနေကြောင်း သိရသည်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပျောက်ဆုံးနေသည့် သင်္ဘောသားများအားရှာဖွေရန် ကင်းလှည့်သင်္ဘော နှင့် ရဟတ်ယာဉ်များ စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.