Connect with us

Asia

တရုတ်၊ဂျပန်၊ကိုးရီးယား သုံးနိုင်ငံဆွေးနွေးပွဲကို ၂ဝ၁၇ ခုနှစ်သို့ရွှေ့ဆိုင်း

ဂျပန် ၊ကိုးရီးယား နှင့် တရုတ်နိုင်ငံများ ၏ အလံများကို အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

တိုကျို၊ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ရှိသည့် တရုတ်၊ဂျပန် နှင့် ကိုးရီးယား သုံးနိုင်ငံဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Fumio Kishida က ဒီဇင်ဘာလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

“ တရုတ်၊ဂျပန် ၊ ကိုးရီးယား သုံးနိုင်ငံဆွေးနွေးပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် အဲဒါကို ပြန်စီစဉ်ရတော့မှာပါ။ အဲဒီအစည်းအဝေးပွဲကို လာမယ့် ၂ဝ၁၇ ခုနှစ်မှာ အစားထိုးကျင်းပသွားပါမယ် ” ဟု Kishida က ဆိုသည်။

အဆိုပါ သုံးပွင့်ဆိုင်ဆွေးနွေးပွဲသည် အလွန်အရေးကြီးကြောင်း နှင့် ဂျပန်နိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှ အစောဆုံးကျင်းပသွားရန် စီစဉ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

သုံးနိုင်ငံနှစ်ပတ်လည်ဆွေးနွေးပွဲကို ဂျပန်နိုင်ငံက ဒီဇင်ဘာလတွင် အိမ်ရှင်အဖြစ် ကျင်းပရန် ရှိနေသည်။ သို့သော် တောင်ကိုးရီးယားနိုင်ငံသမ္မတ ပတ်ဂွမ်ဟေးသည် အဂတိလိုက်စားမှုဖြင့် ပြဿနာ ကြုံတွေ့နေရာ အစည်းအဝေးသို့တက်ရောက်ရန် မသေချာမရေရာ ဖြစ်နေသည်။

ပတ်ဂွမ်ဟေးသည် အောက်တိုဘာလ နှောင်းပိုင်းကတည်းကအကျင့်ပျက်လာဘ်စားမှုဖြင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သောရက်သတ္တပတ်က တောင်ကိုးရီးယားလွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။

၂ဝ၁၃ ခုနှစ် နှင့် ၂ဝ၁၄ခုနှစ် များတွင် ဒေသတွင်းတင်းမာမှုများကြောင့် အစည်းအဝေးမကျင်းပနိုင်ခဲ့သော်လည်း တရုတ်၊ဂျပန် နှင့် တောင်ကိုးရီးယားနိုင်ငံတို့၏ သုံးနိုင်ငံဆွေးနွေးပွဲကို ၂ဝဝ၈ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပခဲ့သည်။

၆ ကြိမ်မြောက် တရုတ်၊ဂျပန် ၊ ကိုးရီးယား သုံးနိုင်ငံဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့၌ လက်ခံကျင်းပခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.