Asia
ဂျပန်နိုင်ငံ ကျည်ဆန်ရထားပေါ်တွင် မဂ္ဂဇင်းတစ်စောင်ကို မီးရှို့ခဲ့သည့် ဂျပန် အဘိုးအို ထိန်းသိမ်းခံရ
တိုကျို၊ မေ ၂၆ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အနောက်ပိုင်း အိုကာရာမမြို့ရှိ ကျည်ဆန်ရထား တစ်စင်းပေါ်တွင် မေလ ၂၆ ရက်က မဂ္ဂဇင်းတစ်စောင်ကို မီးရှို့ခဲ့သည့် ဂျပန်အဘိုးအို တစ်ဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်း မီဒီယာ တစ်ခု က ဖော်ပြခဲ့သည်။
အသက် ၇၀နှစ် ကျော်ရှိပြီဖြစ်သော အဘိုးအိုသည် ဒေသစံတော်ချိန် နေ့လည် ၁၁း၀၀နာရီ တွင် မီဇူဟို ၆၁၅ ကျည်ဆန်ရထားပေါ်ရှိ ၎င်း၏ ထိုင်ခုံမှ မဂ္ဂဇင်းတစ်စောင်ကို ဆွဲထုတ်၍ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်း သတင်းများက ဖော်ပြခဲ့သည်။
မီးလောင်နေသည့် မဂ္ဂဇင်းအား အခြား ခရီးသည်များကို ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။
ကျည်ဆန်ရထားအား အိုကာရာမ ဘူတာရုံတွင် ရပ်နားထားပြီး ခရီးသည်များအား အခြား ရထားတစ်စင်းပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။ (Xinhua)