Asia
ဂျပန်နိုင်ငံ ချီးဘားစီရင်စု တွင် အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်

တိုကျို၊ မေ ၁၇ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ အရှေ့ပိုင်း ကာနိုဒေသ ချီးဘားစီရင်စု ၌ မေ ၁၇ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၁၂နာရီ တွင် ကနဦးတိုင်းတာချက်များအရ အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၃၅.၇ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၀.၈ဒီဂရီ ရှိ မြေပြင် အနက် ၅၀မီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနကပြောကြားခဲ့သည်။ (Xinhua)