Connect with us

Asia

နီပေါနိုင်ငံမှ Kami Rita Sherpa က ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်သို့ ၂၂ ကြိမ်မြောက် တက်ရောက်ခဲ့ကာ စံချိန်သစ်တင်ခဲ့

ကမ္ဘာ့အမြင့်ဆုံး Qomolangma တောင်ထိပ်ပေါ်သို့ အကြိမ်ရေအများဆုံး တက်ရောက်ခဲ့သူ Kami Rita Sherpa အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ မေ ၁၇ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံသား Kami Rita Sherpa သည် မေလ ၁၆ ရက်က ကမ္ဘာ့အမြင့်ဆုံး Qomolangma တောင်ထိပ်သို့ ၂၂ ကြိမ်မြောက် တက်ရောက်ကာ အကြိမ်အရေအတွက် အများဆုံး စံချိန်ချိုးခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။

မီတာ ၈,၈၄၈ မြင့်သော ကမ္ဘာ့အမြင့်ဆုံး Qomolangma တောင်ထိပ်ပေါ်သို့ အကြိမ်ရေအများဆုံး တက်ရောက်နိုင်သူအဖြစ် အသက် ၄၈ နှစ်အရွယ် Sherpa စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

“Kami Rita Sherpa က အခြား တောင်တက်သမားတွေနဲ့အတူ မေလ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၈း၃၀ နာရီမှာ တောင်ထိပ်ပေါ် ရောက်ရှိခဲ့ပါတယ်” ဟု နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် မြို့ပြလေကြောင်း ဝန်ကြီးဋ္ဌာနအောက်ရှိ ခရီးသွားလုပ်ငန်းဦးစီးဋ္ဌာန တာဝန်ရှိသူ Gyanendra Shrestha က အခြေစိုက်စခန်းမှ တယ်လီဖုန်းမှတစ်ဆင့် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

Qomolangma တည်ရှိရာ နီပေါနိုင်ငံ Solukhumbu ခရိုင် Thame ကျေးရွာတွင် နေထိုင်သူ Sherpa သည် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်အား ၂၁ ကြိမ်မြောက် အောင်မြင်စွာ တက်ရောက်ခဲ့ပြီးကြောင်း သိရသည်။

Sherpa သည် ၂၁ ကြိမ်မြောက် စံချိန်အား နီပေါ တောင်တက်သမားများဖြစ်သော Apa Sherpa ၊ Phurba Tashi တို့နှင့်အတူ ပူးတွဲရရှိခဲ့ခြင်း ဖြစ်ပြီး ထိုသူနှစ်ဦးလုံးမှာ အငြိမ်းစားယူသွားပြီဖြစ်ကြောင်း သိရသည်။

“ဒီလို စံချိန်သစ်တင်နိုင်တဲ့အတွက် ကျွန်တော်စိတ်လှုပ်ရှားရပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့အတွက် အလွန်အကျွံတော့ စိတ်မလှုပ်ရှားမိပါဘူး” ဟု Kami က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

Kami Rita Sherpa သည် Qomolangma တောင်ပေါ်သို့ အသက်၂၄ နှစ်အရွယ် ၁၉၉၄ ခုနှစ်က တက်ရောက်ခဲ့သည်။ ၎င်းသည် ထိုတောင်ထိပ်ပေါ်သို့ ၂၁ ကြိမ်မြောက်အဖြစ် ၂၀၁၇ ခုနှစ် မေလ ၂၇ ရက်တွင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.