Asia
ဂျပန်နိုင်ငံ နာဂါဆာကီတွင် ဇက်သင်္ဘော နစ်မြုပ်ရာ လူ၃ဦးကယ်ဆယ်ရရှိပြီ ၃ဦးပျောက်ဆုံးနေ
တိုကျို၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ နာဂါဆာကီစီရင်စု ဟီရာဒို မြို့တွင် သြဂုတ် ၂၂ ရက် နံနက်အစောပိုင်းက ဇက်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ရာ လူ ၃ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြားလူ ၃ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျပန်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း မီဒီယာက ဖော်ပြခဲ့သည်။
ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါသင်္ဘောသည် အလေးချိန် ၁၀တန်ရှိပြီး သင်္ဘောသား ၆ဦးလိုက်ပါလာကြောင်း နှင့် အန္တရာယ်ကြုံတွေ့နေရကြောင်း အချက်ပြပြီးနောက် ဒေသစံတော်ချိန် နံနက် ၃း၄၀နာရီတွင် သင်္ဘောနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်ရရှိသည့် သင်္ဘောသား ၃ဦး မှာ အခြေအနေကောင်းမွန်ကြောင်းနှင့် ပျောက်ဆုံးနေသူ ၃ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)