Connect with us

Asia

အိန္ဒိယက ဆေးရုံတွင် အရက်မူးနေသော ဝန်ထမ်းက အောက်ဆီဂျင် ဖြတ်တောက်လိုက်သောကြောင့် မွေးကင်းစ ကလေးငယ် သုံးဦး သေဆုံး

အိန္ဒိယ ဆေးရုံတွင် သေဆုံးခဲ့သည့် ကလေးငယ် တစ်ဦးနှင့် မိသားစုဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ချာတစ်ဂတ်ပြည်နယ်ရှိ အစိုးရ ဆေးရုံ တစ်ရုံတွင် အရက်မူးနေသည့် ဆေးရုံ ဝန်ထမ်း တစ်ဦးက ရုတ်တရက် အောက်ဆီဂျင် ထောက်ပံ့မှုအား ပိတ်လိုက်ရာ မွေးကင်းစ ကလေးငယ် သုံးဦး သေဆုံးသွားခဲ့ကြောင်း သြဂုတ်လ ၂၁ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ သေဆုံးမှုများသည် ချာတစ်ဂတ်ပြည်နယ် မြို့တော် ရိုင်ပါရ်မြို့ရှိ Bhimrao Ambedkar ဆေးရုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးမှုများအတွက် ချက်ချင်း စုံစမ်းစစ်ဆေးရန် ချာတစ်ဂတ် ပြည်နယ်ဝန်ကြီးချုပ် ရာမန်ဆင်းက ညွှန်ကြားခဲ့သည်။

အောက်ဆီဂျင် ထောက်ပံ့ပေးရန် တာဝန်ယူထားသည့် ဝန်ထမ်းမှာ တာဝန်ချိန်အတွင်း အရက်မူးနေခဲ့ခြင်း ဖြစ်ပြီး ကလေးဆောင်သို့ ထောက်ပံ့ပေးသည့် အောက်ဆီဂျင်အား ပိတ်ပြီးနောက် ၎င်းမှာ အိပ်ငိုက်နေခဲ့ကြောင်း၊ သုံးနာရီကြာ အောက်ဆီဂျင် ထောက်ပံ့မှု ပြတ်တောက်သွားသဖြင့် ယခုလို သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံ ဝန်ထမ်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။

လွန်ခဲ့သည့် ရက်များက အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်ရှိ ဆေးဘက်ဆိုင်ရာ ကောလိပ် ဆေးရုံ အောက်ဆီဂျင် ပြတ်တောက်မှုကြောင့် ကလေးငယ် ၆၃ ဦး သေဆုံးပြီးနောက် ယခုလို မတော်တဆမှု ထပ်မံဖြစ်ပွားရခြင်း ဖြစ်သည်။ ယခုလို ကလေးငယ်များသေဆုံးရခြင်းမှာ ကြောက်မက်ဖွယ်ကောင်းသလို နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုအား ထောက်ပြစရာဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.