Asia
ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၆ ဦး ဒဏ်ရာရ

တိုကျို၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သြဂုတ်လ ၃၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
နာဂိုယာမြို့ မီးသတ်ဌာနအဆိုအရ စက်ရုံတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် မွန်းလွဲ ၂း၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲမီးလောင်မှုကိုလည်း ငြှိမ်းသတ်ခဲ့ပြီးဖြစ်ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။ဒေသခံရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများက ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းရင်းအား စုံစမ်းစစ်ဆေးနေကြောင်း ဒေသခံ မီဒီယာက ဖော်ပြချက်အရ သိရသည်။ (Xinhua)