Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် သင်္ဘောမီးလောင်မှုတွင် လူ ၃ ဦး သေဆုံး၊ ၁၀၂ ဦးအား ကယ်ဆယ်နိုင်

သင်္ဘောတစ်စင်း မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၊ ဇမ်ဘိုအန်ဂါ ဒဲလ် နော်တီပြည်နယ်၊ ဒါပီတန်မြို့ ကမ်းရိုးတန်းတွင် သြဂုတ်လ ၂၈ ရက် အစောပိုင်းက သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ပြောခဲ့သည်။

သင်္ဘောတွင် တင်ဆောင်လာသော ခရီးသည်နှင့် ကုန်ပစ္စည်းစာရင်းအရ အဆိုပါ MV Lite Ferry 16 သင်္ဘော၌ ခရီးသည် ၁၃၆ ဦးနှင့် သင်္ဘောဝန်ထမ်း ၃၆ ဦး ပါရှိကြောင်း သိရသည်။

ထိုသင်္ဘောသည် ဆိုက်ကပ်ရန် စီစဉ်ထားသော ဒါပီတန်မြို့ရှိ Pulauan ဆိပ်ကမ်းမှ ရေမိုင် ၁ ဒသမ ၅ မိုင်ခန့်အကွာတွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။

သင်္ဘောသည် စီဘူးမြို့ ဆမ်ဆွန်ဆိပ်ကမ်းမှ သြဂုတ်လ ၂၇ ရက် ညနေ ၆း၀၀ နာရီခန့်ကထွက်ခွာလာခဲ့ပြီး ဒါပီတန်မြို့ရှိ ဆိပ်ကမ်းအနီးအရောက်တွင် မီးလောင်ကြောင်း သတင်းပေးပို့ခဲ့သည်။

“နံနက် ၈း၀၀ နာရီမှာ ကျွန်တော်တို့ ခရီးသည် ၁၀၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အခြားသင်္ဘောကုမ္ပဏီကလူတွေဟာ MV Lite Ferry 16 တည်ရှိရာနေရာမှ ရှိနေကြတုန်းပါပဲ” ဟု ဒါပီတန်မြို့၏ သဘာဝဘေးအန္တရာယ်လျှော့ချရေး စီမံခန့်ခွဲမှုအရာရှိ Nelson Quimiguing က ပြောခဲ့သည်။

သင်္ဘောမီးလောင်မှုတွင် လူအရေအတွက်မည်မျှ ပျောက်ဆုံးနေကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ မီးမှာ သင်္ဘော၏ အင်ဂျင်ခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း PCG က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.