Connect with us

Asia

အိန္ဒိယလေကြောင်းလိုင်းက လေယာဉ်ပေါ်တွင် တစ်ခါသုံးပလတ်စတစ်အသုံးပြုခြင်းကို အောက်တိုဘာ ၂ ရက်မှ စပြီးတားမြစ်

အိန္ဒိယလေကြောင်းလိုင်း (AI) လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

နယူးဒေလီ၊ သြဂုတ် ၃၀ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် Air India (AI) လေကြောင်းလိုင်း က Alliance Air လေကြောင်းလိုင်း နှင့် Air India Express လေကြောင်းလိုင်းတို့ တွင် အောက်တိုဘာ၂ ရက်မှစပြီး ပလတ်စတစ်အသုံးပြုမှု ကိုတားမြစ်ခဲ့ကြောင်း နိုင်ငံပိုင် All India Radio က သြဂုတ်လ၂၉ ရက်သတင်းတွင်အသံလွှင့် ပြောကြားခဲ့သည်။

ပလတ်စတစ်လက်ဖက်ရည်ခွက် နေရာတွင် စက္ကူခွက် နှင့် အစားထိုးမည်ဖြစ်ပြီး ပလတ်စတစ် ခွက်နေရာတွင် စက္ကူခွက်များဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။Air India Express လေကြောင်းလိုင်းသည် အိန္ဒိယနိုင်ငံ၏ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်သည်။ Alliance Airလေကြောင်းလိုင်းသည်အိန္ဒိယနိုင်ငံ ၏ ဒေသတွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည်။ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) က တိုင်းပြည်တွင် အောက်တိုဘာ ၂ ရက် မှ စ၍ ပလတ်စတစ်အသုံးပြုမှုရပ်တန့်ရန် ပြည်သူများအား တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)