Connect with us

Asia

ဂျပန်ရှိ အမေရိကန် ရေတပ်စခန်းအတွင်း သေနတ်ပစ်ခတ်မှုသံကြား၍ စခန်းအား ခဏပိတ်ထားခဲ့

ဂျပန်ရှိ အမေရိကန် စစ်သင်္ဘောတစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ နိုဝင်ဘာ ၃ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ နာဂါဆာကီမြို့ တွင် နိုဝင်ဘာလ ၃ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိပြီးနောက် အမေရိကန်ရေတပ်အခြေစိုက်စခန်း အဝင်အထွက်အား တစ်နာရီခန့်ပိတ်ထားခဲ့ကြောင်း သိရသည်။

ရေတပ်အခြေစိုက်စခန်း အတွင်းရှိ အဆောက်အအုံတစ်ခု တွင် ဒေသစံတော်ချိန် ၉း၃၃နာရီက သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိပြီးနောက် အဆိုပါ အဆောက်အအုံ ဘေးကင်းလုံခြုံမှုရှိစေရန် လုံခြုံရေး နှင့် မီးသတ်ဋ္ဌာန တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း ဂျပန်နိုင်ငံ ဆဆဲဘိုမြို့ ရေတပ်အုပ်စုလှုပ်ရှားမှု တပ်မှူး ၏ တရားဝင် Facebook စာမျက်နှာ၌ဖော်ပြထားခဲ့သည်။

ဖော်ပြချက်၌ ဆဆဲဘိုမြို့ ရေတပ်အခြေစိုက်စခန်း ရှိ လူများအား အကာအကွယ်များ ချက်ချင်း ယူထားရန် နှင့် ယခု ညွှန်ကြားချက်သည် လေ့ကျင့်မှုတစ်ခုမဟုတ်ကြောင်း ပြောကြားထားခဲ့သည်။

သေနတ်သမားနှင့် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ဟူသော ထင်ရှားသော လက္ခဏာများ မတွေ့ရှိရခြင်း၊ ဒဏ်ရာရရှိသူမရှိခြင်းတို့ကြောင့် ရေတပ်အခြေစိုက်စခန်း အဝင်အထွက် ပိတ်ထားမှုအား တစ်နာရီအကြာတွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း တပ်မှူး၏ Facebook စာမျက်နှာ၌ ထပ်မံဖော်ပြခဲ့သည်။

အမေရိကန်တပ်ဖွဲ့ဝင်များသည် ဂျပန်နိုင်ငံတွင် ဒုတိယ ကမ္ဘာစစ်ပြီးစီး ပြီးကတည်းက အခြေစိုက်နေရာယူခဲ့ကြပြီး ဆဆဲဘို ရေတပ်အခြေစိုက်စခန်းသည် ဂျပန်နိုင်ငံရှိ ဒုတိယအကြီးဆုံး အမေရိကန် ရေတပ်အခြေစိုက်စခန်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.