Connect with us

Asia

နိုင်ငံရေးရာအတွက် စစ်ဦးစီးအရာရှိချုပ်နှင့် အတွင်းရေးမှူး အသစ်အား တောင်ကိုရီးယား သမ္မတ အမည်စာရင်း တင်သွင်း

တောင်ကိုရီးယား သမ္မတ ပက်ဂွမ်ဟေးနှင့် သမ္မတဆိုင်ရာ စစ်ဦးချုပ်အသစ်အဖြစ် ခန့်အပ်ခြင်း ခံရသူ ဟန်ဂေါင်အွတ်တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ၏ ကာလရှည် ယုံကြည်စိတ်ချခြင်းခံရသူနှင့် လက်ရှိ၌ မကောင်းသတင်းများဖြင့် ပြည်သူများက စိတ်ဆိုးဒေါသထွက်ခြင်းခံနေရသူ ချွဲဆွန်ဆီလ် ဖြစ်ရပ် နောက်ဆက်တွဲအနေဖြင့် နိုင်ငံရေးရာအတွက် စစ်ဦးစီးအရာရှိချုပ်နှင့် အတွင်းရေးမှူးသစ်အား သမ္မတ ပက်ဂွမ်ဟေး (Park Geun-hye) က နိုဝင်ဘာလ ၃ ရက်က အမည်စာရင်း တင်သွင်းလိုက်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ကင်ဒေးဂျန် (Kim Dae-Jung) အစိုးရ လက်ထက်တွင် သမ္မတဆိုင်ရာ စစ်ဦးစီးချုပ်အဖြစ် ဥပဒေပြုသူအဖြစ် သက်တမ်း လေးနှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၄ နှစ်အရွယ် ဟန်ဂေါင်အွတ် (Han Gwang-ok) အား သမ္မတဆိုင်ရာ စစ်ဦးချုပ်အသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သမ္မတ ပက်၏ ရုံးက ပြောကြားခဲ့သည်။

ဟန်သည် ၂၀၁၂ ခုနှစ်က ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာမည့် ပက်၏ သမ္မတဆိုင်ရာ ရွေးကောက်ပွဲ စည်းရုံးရေးဆင်းခဲ့စဉ်က ပါဝင်ကူညီခဲ့သူ ဖြစ်သည်။ သမ္မတ ပက် အစိုးရလက်ထက်တွင် ဟန်သည် နိုင်ငံ စည်းလုံးညီညွတ်ရေးအတွက် သမ္မတဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် နိုင်ငံရေးသမား သတင်းစာဆရာ တစ်ဦး ဖြစ်သူ ဟာဝန်-ဂျီအား နိုင်ငံရေးရာတွင် သမ္မတဆိုင်ရာ အဆင့်မြင့် အတွင်းရေးမှူး အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ၎င်းသည် နိုင်ငံ၏ ဆက်သွယ်ရေး စောင့်ကြည့်သည့် ကိုရီးယား ဆက်သွယ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.