Asia
ဂျာဗားကျွန်း အရှေ့ပိုင်း ဝေဟင်တွင် လေယာဉ် ပေါက်ကွဲခြင်းမဟုတ်ဘဲ အရာဝတ္ထု ပေါက်ကွဲခြင်းသာ ဖြစ်ကြောင်း အင်ဒိုနီးရှား အရာရှိ ပြောကြား
ဂျကာတာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားကျွန်း အရှေ့ပိုင်းရှိ ဝေဟင်၌ ပေါက်ကွဲပြီး လူနေ ဧရိယာပေါ်သို့ ပြုတ်ကျခဲ့သည်မှာ လေယာဉ် မဟုတ်ဘဲ အရာဝတ္ထုများသာ ဖြစ်ကြောင်း၊ ယင်း အရာဝတ္ထုများအား အမျိုးအစား ခွဲခြားနေကြောင်း အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၁၀း၀၀ နာရီခန့်တွင် ဂီလီ ဂင်တင်း ခရိုင်ခွဲနှင့် ပင်လယ်ပြင်အတွင်းသို့ ပြုတ်ကျခဲ့သည့် အစိတ်အပိုင်းများသည် လေယာဉ် တစ်စင်း ပေါက်ကွဲခြင်းမှ ဖြစ်နိုင်သည်ဟု မီဒီယာမှ ဖော်ပြခဲ့ပြီးနောက် ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟာနီ ပရာမူဟာ့ဒ်ဂျိုက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
လေယာဉ် ပျက်ကျသည်ဆိုခြင်းမှာ သတင်းမှား တစ်ခုသာ ဖြစ်ကြောင်း၊ အဆက်အသွယ် ပြတ်တောက်သည့် လေယာဉ် တစ်စင်းတစ်လေမျှ ဆူရာဘာယာဒေသအတွင်း မရှိကြောင်း တာဝန်ရှိသူများက တင်ပြထားသည်ဟု ပရာမူဟာ့ဒ်ဂျိုက ဆင်ဟွာသို့ ဖုန်းမှတဆင့် ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါ အရာဝတ္ထုများအား စမ်းသပ်စစ်ဆေးနေဆဲ ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ (Xinhua)