Connect with us

Asia

နှစ်ပေါင်း ၂၅၀၀ ခန့် သက်တမ်းရှိ ကြေးညိုရောင် ဗုံ တစ်လုံး ဗီယက်နမ် အလယ်ပိုင်းတွင် တွေ့ရှိ

ဒေါင်ဆန်း ယဉ်ကျေးမှုတွင် ပြုလုပ်ခဲ့သည့် ကြေးညိုရောင် ဗုံ တစ်လုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းရှိ Thanh Hoa ပြည်နယ်ရှိ ထိန်းသိမ်းရေး စင်တာ တစ်ခုဖြစ်သော ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် လုပ်ငန်းနေရာ တစ်ခု၌ သက်တမ်း နှစ်ပေါင်း ၂၀၀၀ မှ ၂၅၀၀ ခန့်ရှိ ဒေါင်ဆန်း မျိုးနွယ်စု၏ ကြေးညိုရောင် ဗုံ တစ်လုံးအား စက်တင်ဘာလ ၂၆ ရက်က တွေ့ရှိခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်က ယူနက်စကို အသိအမှတ်ပြု စာရင်းဝင်ထားသည့် ဟို မင်းဆက် နန်းတော်မှ ၁ ကီလိုမီတာကျော် အကွာရှိ ဗင်လော့ခရိုင်တွင် ဒေသခံ တစ်ဦးက နေအိမ် ဖောင်ဒေးရှင်း တည်ဆောက်နေစဉ် ယခုလို ရှေးဟောင်း ဗုံ တစ်လုံး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်း ပြည်နယ်ရှိ ထိန်းသိမ်းရေး စင်တာက ပြောသည်။
ယင်း ဗုံသည် ပန်းပြောင်းများနှင့် ဒီဇိုင်းများစွာ ဆင်ယင်ထားသည့် Heger I အမျိုးအစား ဖြစ်ပြီး ဗုံ၏ အချို့ နေရာများက ပျက်စီးနေကြောင်း၊ ဗုံ အတိုင်းအတာအားဖြင့် ၅၉ စင်တီမီတာနှင့် အမြင့် ၄၃ စင်တီမီတာ ရှိကြောင်း သိရသည်။
ကြေးရောင်ရှိသော ဒေါင်ဆန်း ဗုံသည် ဘီစီ ၆၀၀ ခန့် အစောပိုင်းမှ အေဒီ တတိယ ရာစု အထိ ဗီယက်နမ်နိုင်ငံ မြစ်နီမြစ်ဝှမ်းဒေသ၌ ထွန်းကားခဲ့သည့် ဒေါင်ဆန်း ယဉ်ကျေးမှုခေတ်တွင် ထွန်းကားခဲ့သည်။ ၎င်းတို့သည် သတ္တု ထည်လုပ်ငန်း ယဉ်ကျေးမှု ထွန်းကားခဲ့ခြင်း၏ အကောင်းဆုံး ဥပမာ တစ်ခု ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.