Connect with us

Asia

စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ထင်ရှား၍ ဘင်္ဂလားဒေ့ရှ် အစ္စလန်မစ်ပါတီ ခေါင်းဆောင် နီဇမ်မီ ကွပ်မျက်ခံရ

သေဒဏ်ပေးခံရသော ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ်ခေါင်းဆောင် နီဇမ်မီ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ မေ ၁၁ ရက် (ဆင်ဟွာ)

၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲကာလ အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ထင်ရှား၍ အစ္စလမ်မစ်ပါတီ ခေါင်းဆောင် ရာမန်နီဇမ်မီ ( Rahman Nizami ) အား မေလ ၁၁ ရက်တွင် သေဒဏ်ပေး ကွပ်မျက်လိုက်ကြောင်း သိရသည်။

အစ္စလမ်မစ်ပါတီ အကြီးအကဲသည် သမ္မတထံ နောက်ဆုံး အသနားခံစာ တင်သွင်းရန် ငြင်းဆန်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ကွပ်မျက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
“ သမ္မတထံ အသနားခံဖို့သူ့ဖက်က မပြောလာတော့ သေဒဏ်ပေးဖို့အမိန့်ပေးလိုက်တာပါ” ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က သတင်းသမားများအား ပြောသည်။
စစ်ရာဇဝတ်မှုဖြင့် သေဒဏ် မချမှတ်မီ နာရီဝက်ခန့်အလိုတွင် နီဇမ်မီ နှင့် ၎င်း၏ မိသားစုဝင်များသည် ဒါကာမြို့ရှိ သေဒဏ်ပေးမည့် အကျဉ်းထောင်ထဲတွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ ၎င်းအကျဉ်းထောင် အတွင်း နှင့် အပြင်တွင် လုံခြုံရေးများ တင်းကျပ်ထားကြောင်း သိရသည်။ အသက် ၇၄ နှစ်အရွယ်ရှိ နီဇမ်မီသည် ၂ဝဝ၁ ခုနှစ် မှ ၂ဝဝ၆ ခုနှစ်ထိ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သည်။
သေဒဏ် မပေးမီ နေ့များကလည်း မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပွားရအောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ မြို့ထဲတွင်လည်း လုံခြုံရေး တိုးမြှင့်ထားခဲ့သည်။
၂ဝ၁၄ ခုနှစ် အောက်တိုဘာလ တွင် ဘင်္ဂလားဒေ့ရှ် အထူးခုံရုံးတစ်ခုက နမ်ဇမ်မီ အား သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းပြစ်ဒဏ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ တရားရုံးချုပ်သို့အယူခံ ဝင်ခဲ့သော်လည်း နိုင်ငံ၏ အထွဋ်အထိပ် တရားရုံးက ၂ဝ၁၆ ခုနှစ် မေလ ၅ ရက်တွင် အယူခံကို ပယ်ချခဲ့သည်။
၁၉၇၁ ခုနှစ်တွင် လွတ်လပ်ရေး ကာလအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်သူများကို စစ်ဆေးရန် ၂ဝ၁ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ၏ အဝါမီ အဖွဲ့ချုပ် ခေါင်းဆောင်သော အစိုးရ လက်ထက်တွင် ဖွဲ့စည်းခဲ့သည့် စစ်ခုံရုံးနှစ်ခုသို့အဖမ်းခံခဲ့ရသော Jammat ပါတီ၏ ထိပ်တန်း ခေါင်းဆောင်များ အနက် နီဇမ်မီသည် တစ်ဦးအပါအဝင် ဖြစ်သည်။
၎င်းသည် ပါကစ္စတန် လိုလားသော ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှု ၊ ညှင်းပန်း နှိပ်စက်မှု နှင့် အဓမ္မ သွေးဆောင် ဖြားယောင်းမှုများ ကျူးလွန်ထားကြောင်း ထင်ရှား၍ ကွပ်မျက် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.