Connect with us

Asia

တောင်ကိုရီးယား နိုင်ငံတွင် ခြောက်နိုင်ငံ ရေငုပ်သင်္ဘော ကယ်ဆယ်ရေး လေ့ကျင့်မှုများ ပြုလုပ်မည်

တောင်ကိုရီးယားပိုင် ရေငုပ်သင်္ဘော တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ မေ ၁၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံသည် ၎င်း၏ တောင်ပိုင်း ပင်လယ်ပြင်၌ ခြောက်နိုင်ငံ ရေငုပ်သင်္ဘော လေ့ကျင့်ရေး အား အိမ်ရှင်အဖြစ် ဦးစီး ကျင်းပသွားမည် ဖြစ်ကြောင်း Yonhap သတင်းဋ္ဌာန က ရေတပ်၏ ပြောကြားချက်ကို ကိုးကား၍ မေလ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

ကိုရီးယား ကျွန်းဆွယ် အရှေ့တောင်ဘက် အစွန်းပိုင်း၊ Jejuကျွန်း ပတ်ဝန်းကျင်ရှိ တောင်ကိုရီးယား နိုင်ငံ ရေတပ် ဆိပ်ကမ်း မြို့တော် Jinhae အလွန် ပင်ဘယ်ပြင်၌ မေလ ၂၅ ရက်မှ စ၍ ၁၀ ရက်ကြာ ပြုလုပ်မည့် ရေငုပ်သင်္ဘော လေ့ကျင့်ရေးတွင် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့ ပါဝင်မည် ဖြစ်ကြောင်း ရေတပ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့ အပါအဝင် အခြား ပြည်ပနိုင်ငံ ၁၂ နိုင်ငံ တို့လည်း လေ့လာသူအဖြစ် တက်ရောက် ကြမည်ဖြစ်ကြောင်း ရေတပ်က ပြောသည်။
လေ့ကျင့်ရေး ပြုလုပ်ရခြင်းမှာ ရေနက်ပိုင်းသို့ ဆင်းသက်နိုင်သည့် ကယ်ဆယ်ရေးယာဉ်များ နှင့် ဖိအားဒဏ်ခံ ကယ်ဆယ်ရေး ရေငုပ်ယာဉ်ငယ်များ ဖြန့်ကျက်မှုတို့ အပါအဝင် လေ့ကျင့်ရေးတွင် ပါဝင်သည့် နိုင်ငံများ၏ ရေငုပ်သင်္ဘော ကယ်ဆယ်ရေး ဆိုင်ရာ လုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။
လာမည့် စစ်ရေးလေ့ကျင့်မှုသည် ၇ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ၂၀၀၀ ခုနှစ် တွင် စင်ကာပူနိုင်ငံ ၌ စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုပွဲသည် တောင်ကိုးရီးယား နိုင်ငံအနေဖြင့် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ကာ ပထမအကြိမ် အား ၂၀၀၄ ခုနှစ် တွင် လက်ခံ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.