Connect with us

Asia

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဝင်ရန် မြောက်ကိုရီးယား အားကစားသမားများ တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာ

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသော မြောက်ကိုရီးယား အားကစားသမားများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ ဖေဖော်ဝါရီ ၁ ရက်

တောင်ကိုရီးယာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မြောက်ကိုရီးယားနိုင်ငံမှ အားကစားသမားများသည် တောင်ကိုရီးယားနိုင်ငံသို့ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန က ဆိုသည်။

ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Beak Tae-hyun က ပုံမှန်ပြုလုပ်နေကျသတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် မြောက်ကိုရီးယား အားကစားသမားအဖွဲ့သည့် ဆိုးလ်မြို့အရှေ့ပိုင်းရှိ Yangyang နိုင်ငံတကာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်ခဲ့ကြောင်း ဆိုထားသည်။

မြောက်ကိုရီးယားနိုင်ငံ၏ Masikryong စကိတ်ကွင်း၌ ၂ ရက်ကြာ ပူးတွဲလေ့ကျင့်ခဲ့ပြီးနောက် တောင်မြောက် ကိုးရီးယားနှစ်နိုင်ငံအားကစားသမားများသည် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် အတူရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

တောင်နှင့်မြောက်ကိုရီးယား အားကစားများကို တင်ဆောင်လာသော လေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း Wonsan မြို့ရှိ Kalma နိုင်ငံတကာလေဆိပ်မှ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားအားကစားအဖွဲ့တွင် အားကစားသမား ၁ဝ ဦး ၊ နည်းပြ ၃ ဦး နှင့် အားပေးသူ ၁၈ ဦး တို့ကို မြောက်ကိုရီးယားနိုင်ငံ ကိုယ်ကာယအားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး Won Kil-u က ဦးဆောင်လာမည်ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံအားကစားသမားများအဖွဲ့တွင် စကိတ်စီးသမား ၃ ဦး ၊ နိုင်ငံဖြတ်ကျော် စကိတ်သမား ၃ ဦး ၊ တာတိုစီး စကိတ်သမား ၂ ဦး နှင့် စုံတွဲ ကစားသမား ၂ တွဲ ပါဝင်မည်ဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံ အကြား ပထမဆုံးအကြိမ် တူညီသော အိုလံပစ် အသင်း၌ ပါဝင်ယှဉ်ပြိုင်ရန် ပူးတွဲ အမျိုးသမီးရေခဲပြင်ဟော်ကီအသင်းမှ မြောက်ကိုရီးယားအားကစားသမား ၁၂ ဦးသည် လွန်ခဲ့သော ရက်သတ္တပတ်ကတည်းက တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.