Connect with us

Asia

ဂျပန်နိုင်ငံ ဆက်ပိုရိုစီရင်စု ရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာတွင် မီးလောင်မှုကြောင့် လူ ၁၁ဦးသေဆုံး

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဂျပန်နိုင်ငံ ဆက်ပိုရိုစီရင်စု ရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ပိုင်းစွန်း ဆက်ပိုရိုစီရင်စု တွင် ဇန်နဝါရီ ၃၁ရက် ညပိုင်းက သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။

ပြည်တွင်းသတင်းများ၏ဖော်ပြချက်အရ မီးလောင်မှုသည် ဒေသစံတော်ချိန် ဇန်နဝါရီ ၃၁ရက် ည ၁၁း၄၀နာရီတွင် သုံးထပ်အဆောက်အအုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ စောင့်ရှောက်ရေးစင်တာ၌ အိမ်ယာမဲ့သက်ကြီးရွယ်အို စုစုပေါင်း ၁၆ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ နှင့် မီးသတ်သမားများက မီးလောင်ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြို့တော်ခန်းမ မှ တစ်ကီလိုမီတာ၊ ဆက်ပိုရိုဘူတာရုံမှ ၂ကီလိုမီတာခန့်အကွာတွင် တည်ရှိသော ယင်းစင်တာတွင် ဝန်ထမ်းများသည် ညသန်းခေါင်ယံအထိ နေထိုင်ခြင်းမရှိကြောင်း သိရသည်။

အိမ်ယာမဲ့များအား ထောက်ပံ့ရေး ဟိုကိုင်းဒိုကွန်ရက်၏ အကျိုးအမြတ်မယူသော အဖွဲ့အစည်း အဖွဲ့ဝင်တစ်ဦးဖြစ်သော ယင်းစင်တာအားတည်ထောင်သူသည် အဆိုပါအဆောက်အအုံအား အိမ်ယာမဲ့သက်ကြီးရွယ်အိုများအတွက် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ယခင်က ယင်းအဆောက်အအုံအား တည်းခိုခန်း အဖြစ်အသုံးပြုခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ NHK သတင်းဋ္ဌာန က ဒေသစံတော်ချိန် ည ၁၁း၄၀နာရီတွင် ယင်းစင်တာမှ မီးခိုးများ ထွက်လာသည်ကို တွေ့မြင်ခဲ့သူများရှိကြောင်း ဖော်ပြခဲ့သည်။

မျက်မြင်တွေ့ရှိခဲ့သူများ၏ ပြောကြားချက်ကို ကိုးကား၍ အခြားသော မီဒီယာများ က မီးလောင်မှုမဖြစ်ပွားခင် ကျယ်လောင်သည့် ပေါက်ကွဲသံများကိုကြားခဲ့ရကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.