Connect with us

Asia

တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံနှင့် နီးကပ်သော ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေး လက်တွဲလုပ်ဆောင်ရန် အသင့်ရှိဟု ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ ကာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့တွင် ဇွန်လ ၁၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား နီးကပ်သော ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေး တွန်းအားပေးလုပ်ဆောင်ရေး အိန္ဒိယနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန်အသင့်ရှိကြောင်း ဇွန်လ ၁၃ ရက်က ပြောကြားလိုက်သည်။

ရှီက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) နှင့် ကာဂျစ်စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်တွင် ၁၉ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ရှီက မိုဒီအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ပြန်လည်ရွေးကောက်ခံရခြင်းအတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုသာ မြှင့်တင်ပေးနိုင်သည်သာမက အာရှနှင့် ကမ္ဘာကြီးရှိ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် လည်းပဲ အထောက်အကူပြုနိုင်ကြောင်း ပြောခဲ့သည်။

ထို့ပြင် ဖွံ့ဖြိုးဆဲနှင့် ပေါ်ထွန်းစဈေးကွက်များ၏ အရေးပါသော ကိုယ်စားပြုနိုင်ငံများဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် လွတ်လပ်စွာ ကုန်သွယ်မှုနှင့် နိုင်ငံစုံပါဝင်ရေးဝါဒ စောင့်ထိန်းရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဥပဒေနှင့်အညီ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများ ကာကွယ်ရန် အတူတကွ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှီက ဆိုသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ကျယ်ပြန့်သောနယ်ပယ်များတွင် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုအတွက် ကဏ္ဍသစ်များ ရှာဖွေရန်နှင့် နှစ်နိုင်ငံ မတူညီမှုမျာအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် ပြောကြားခဲ့သည်။

ထို့ပြင် လာမည့်နှစ်သည် နှစ်နိုင်ငံဆက်ဆံရေး နှစ် ၇၀ ပြည့်ပြီဖြစ်ကြောင်း မိုဒီက မှတ်ချက်ချရင်း နှစ်နိုင်ငံအနေဖြင့် ပြည်သူအချင်းချင်း ဖလှယ်မှုများ အဆင့်မြှင့်တင်ရန်အတွက် အစီအစဉ်ကောင်းတစ်ခု ပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.