Connect with us

Asia

“ရှီကျင့်ဖိန် – တရုတ် နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ်ကို တာဂျစ်ဘာသာစကားဖြင့် ဒူရှန်ဘီမြို့တွင် ထုတ်ဝေ

“ရှီကျင့်ဖိန် - တရုတ် နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ်ကို တာဂျစ်ဘာသာစကားဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေဖြန့်ချိခြင်းအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ဒူရှန်ဘီ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ တာဂျစ်ကစ္စတန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မတိုင်မီ သမ္မတရှီ ရေးသားသော “ရှီကျင့်ဖိန် – တရုတ် နိုင်ငံရေးရာစီမံခန့်ခွဲမှု” စာအုပ်ကို တာဂျစ်ဘာသာစကားဖြင့် ပထမဆုံးအကြိမ်အဖြစ် တရုတ်-တာဂျစ်ကစ္စတန် နှီးနှောဖလှယ်ပွဲတစ်ခုတွင် ထုတ်ဝေဖြန့်ချိလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၊ တရုတ် နိုင်ငံတကာ ပုံနှိပ်ထုတ်ဝေရေးအဖွဲ့နှင့် တာဂျစ်ကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတို့ ပူးတွဲကျင်းပခဲ့သော အဆိုပါ နှီးနှောဖလှယ်ပွဲအား ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့် အစိုးရအရာရှိကြီးများ တက်ရောက်ခဲ့သည်။

အဆိုပါ စာအုပ်က တရုတ်နိုင်ငံ၊ သမ္မတ ရှီကျင့်ဖိန်၏ နိုင်ငံ အုပ်ချုပ်မှုဒဿနနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း စသည်တို့အား တာဂျစ်ပြည်သူများ ပိုမိုနားလည်နိုင်ရန် အထောက်အကူပြုစေမည် ဖြစ်ကြောင်း ယင်းစာအုပ်ထုတ်ဝေခြင်းအတွက် ဝမ်းမြောက်ကြောင်းပေးပို့သည့် သဝဏ်လွှာ၌ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အမ်မိုမာလီ ရာမွန် (Emomali Rahmon) ကပြောကြားခဲ့သည်။

ထို့ပြင် ဤစာအုပ်မှာ မကြာမီ တာဂျစ်ကစ္စတန်နိုင်ငံသို့ လာရောက်မည့် သမ္မတ ရှီ၏ ခရီးစဉ်မှာ နယ်ပယ်စုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရန်နှင့် ချဲ့ထွင်ရန် အားထုတ်ကြိုးပမ်းမှုများ၌ တွန်းအားသစ် ဖြည့်တင်းပေးမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇွန်လ ၁၂ ရက်မှ ၁၆ ရက်အထိ ကာဂျစ်စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်လျက်ရှိပြီး ခရီးစဉ်အတွင်း ဘစ်ရှ်ကက်မြို့တွင် ၁၉ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးနှင့် ဒူရှန်ဘီမြို့၌ ၅ ကြိမ်မြောက် Conference on International and Confidence Building Measures in Asia (CICA) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.