Asia
တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးတို့ တွေ့ဆုံ

မွမ်ဘိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် (Ajit Doval) တို့သည် ဒီဇင်ဘာ ၂၃ ရက်က မွမ်ဘိုင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်ဘက်စလုံးသည် ဘုံသက်ဆိုင်မှုရှိသော ဒေသတွင်း နှင့် နိုင်ငံတကာအရေးကိစ္စများအပါအဝင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပတ်သက်၍ အမြင်များ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
ဝမ်သည် တရုတ်-အိန္ဒိယ အဆင့်မြင့် ပြည်သူချင်းဖလှယ်မှုယန္တရား ဆိုင်ရာ ပထမအကြိမ် အစည်းအဝေးပွဲ ၌ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj နှင့်အတူ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)