Connect with us

Asia

အာဖဂန်တွင် ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၇ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဂါဇီ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇီပြည်နယ် တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အရပ်သား၇ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ က ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ Harif Noori က ဂါဇာပြည်နယ်တွင် ဒီဇင်ဘာ ၂၃ ရက်က (IED) ဖောက်ခွဲရေးပစ္စည်း တစ်ခု ပေါက်ကွဲခဲ့မှုကြောင့် အရပ်သား ၇ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

၎င်းက Dhi Yak ခရိုင် Shahkhog ဧရိယာရှိ ဖုန်ထူသော လမ်းမပေါ်တစ်လျှောက်တွင် ထောင်ထားသော (IED) ဖောက်ခွဲရေးပစ္စည်း တစ်ခုအား မီနီဘတ်စ်တစ်စီးက တက်နင်းခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ယင်းတိုက်ခိုက်မှုအတွက် တာလီဘန်စစ်သွေးကြွအုပ်စု ကို စွပ်စွဲပြစ်တင်ခဲ့သည်။

တာလီဘန်စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားရန်အတွက် လမ်းဘေးဗုံးများ နှင့် လမ်းမိုင်းများ ပြုလုပ်ရန် IED ဗုံးများကို အသုံးပြုကြသော်လည်း အဆိုပါ လူသေလောက်စေသည့် အိမ်လုပ်ဗုံးများကြောင့် အရပ်သားများသာ ထိခိုက်သေဆုံးရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.