Asia
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ ပြုံယမ်းမြို့တွင် တွေ့ဆုံဆွေးနွေး

ပြုံယမ်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ပြုံယမ်းမြို့တွင် ဇွန်လ ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သမ္မတ ရှီသည် ကိုရီးယား အလုပ်သမားပါတီ ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယား နိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်၏ ဖိတ်ကြားချက်ဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။ (Xinhua)