Connect with us

Asia

ပါကစ္စတန် နိုင်ငံ တောင်ပိုင်းတွင် ရထားတိုက်မိမှုကြောင့် ၃ ဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိ

ခရီးသည်တင် ရထား နှင့် ကုန်တင် ရထား တိုက်မိမှု ဖြစ်ပွားပြီးနောက် တွေ့ ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်၏ Hyderabad မြို့အနီးတွင် ဇွန် ၂၀ ရက်တွင် ခရီးသည်တင် ရထား နှင့် ကုန်တင် ရထား တိုက်မိမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ခရီးသည်များစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း မီးရထား အရာရှိများက ပြောကြားခဲ့သည်။

ရထားတိုက်မိမှုကြောင့် ခရီးသည်တင် ရထားမှ မောင်းနှင်သူ ၊ လက်ထောက် ယာဉ်မောင်း နှင့် ကုန်တင် ရထားမှ လုံခြုံရေး အစောင့် တို့မှာ သေဆုံးခဲ့ပြီး အခြား ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း မီးရထား ဝန်ကြီး Sheikh Rasheed Ahmad က ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် ခရီးသည် တစ်ယောက်မှ သေဆုံးမှု မရှိခဲ့ကြောင်း ၊ စုံစမ်းစစ်ဆေးမှုများအား ပြုလုပ်နေပြီး ကနဦး အစီရင်ခံစာအား ဆောလျှင်စွာ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေး အသင်းအဖွဲ့များ နှင့် အတူ ရဲတပ်ဖွဲ့နှင့် အပျော်တမ်း တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ နေရာသို့သွားရောက်ခဲ့ပြီး ဒဏ်ရာ ရရှိသူများအား ကုသရေး အတွက် အနီးရှိ ဆေးရုံများသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ခရီးသည်တင် မီးရထားသည် နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ကရာချိ မှ နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့သို့ သွားနေသည့် ရထား ဖြစ်ပြီး ယင်းမတော်တဆမှု ဖြစ်စဉ်မှာ ခရီးသည်တင် မီးရထား မောင်းနှင်သူမှာ အချက်ပြ သတိပေးချက် မရရှိ၍ ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

မီးရထား အရာရှိက ပြောကြားရာတွင် ရထား တိုက်မိမှု ဖြစ်ပွားပြီးနောက် ခရီးသည်တင် ရထားသည် လမ်းချော်သွားခဲ့ပြီး ကရာချိမှ ဆိုက်ရောက် ၊ ထွက်ခွာမည့် ရထားများမှာ လမ်းကြောင်း ရှင်းလင်း ပြီးစီးချိန် ထိတိုင် ဆိုင်းငံ့ထားခဲ့ရကြောင်း သိရသည်။

ရထားနှင့် ပတ်သက်သော မတော်တဆမှုများသည် မကြာမီကာလများက များပြားလာခဲ့ပြီး လွန်ခဲ့သော ၆ လ အတွင်း အဓိက မတော်တဆမှု အနည်းဆုံး ၄၄ မှု ဖြစ်ပွားခဲ့သည်ဟု သတင်းမီဒီယာများ၏ ဖော်ပြမှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.