Connect with us

Asia

တရုတ်နှစ်ကူးနွေဦးပွဲတော်မှတစ်ဆင့် တစ်နေ့တစ်ခြားတိုးတက်ပြောင်းလဲလာသည့် တရုတ်နိုင်ငံအား ကမ္ဘာက ပိုမိုသိရှိလာ


ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

အားလုံးတူညီပြုံးပျော်ရွှင်ကြသည့် တရုတ်နှစ်ကူးနွေဦးပွဲတော် မင်္ဂလာအခါသမယသို့ ထပ်မံရောက်ရှိ လာပြီဖြစ်သည်။ တရုတ်နိုင်ငံက ကမ္ဘာကို လျှောက်လှမ်းနေသလို ကမ္ဘာက တရုတ်နိုင်ငံသို့ လျှောက် လှမ်းနေသည့် တံခါးဖွင့်လမ်းစဉ်နှင့်အတူ နှစ်သစ်နွေဦးပွဲတော်သည် ကမ္ဘာ့ပွဲတော်တစ်ခု ဖြစ်လျက်ရှိ သည်။ ယဉ်ကျေးမှုများစုံစည်းရာ ဤပွဲတော်ကြီးသည် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု ယုံကြည်ချက် နှင့်ရင်းနှီးမှုများကို ဖော်ဆောင်နေရာ ကမ္ဘာ့လူထု၏ရင်ထဲသို့ ပြန်နှံ့စိမ့်ဝင် နွေးထွေးစေ သည်။ ယခုနှစ်နှစ်ကူးပွဲတော်နှင့်ပတ်သက်၍ အောက်ပါအချက်သုံးချက်ကို လေ့လာတွေ့ရှိရပါသည်။

ပထမအနေဖြင့် တရုတ်နှစ်ကူးနွေဦးပွဲတော်ကြီးကို တစ်ကမ္ဘာလုံးကအတူ ပျော်ရွှင်စွာ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဗြိတိန် ဝန်ကြီးချုပ်အိမ်တော်တွင် အနီရောင်ဆုတောင်း စာတန်းများ ကပ်ထားသည်ကို တွေ့ရသလို ဝန်ကြီးချုပ်ထရီဇာမေက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှစ်ကူးမိတ်ဆုံပွဲတွင် နွေဦးဟုအဓိပ္ပါယ်ရသည့် “春”ဆိုသည့် တရုတ်စာလုံးကို တရုတ်စက္ကူညှပ်ပညာဖြင့် ကိုယ်တိုင်ညှပ်ကာ တရုတ်နှစ်သစ်ဆုတောင်းစကားပြောကြားခဲ့သည်။

ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်က နှစ်ကူး နွေဦးပွဲတော်ကြီးကို အတူ ပျော်ရွှင်စွာဆင်နွှဲကြရာ လူမျိုး၊ ယဉ်ကျေးမှု၊ဒေသများအကြား အပြန်အလှန် ဆုမွန်ကောင်းများ တောင်းပေးကြသည်ကို တွေ့ရမည် ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေမှူးချုပ် ဂူတာရက်စ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ် ဘက်ချ်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစရှိသည့် နိုင်ငံရေးနာမည်ကျော်ပုဂ္ဂိုလ်များ က တရုတ်လို နှစ်သစ်ကူး နှုတ်ခွန်းဆက်ဆုမွန်ကောင်းများတောင်းပေးခဲ့ကြသည်။

ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ ခါလီဖာမိုးမျှော်တိုက် တွင်လည်းကောင်း ၊ ဂျပန်နိုင်ငံ တိုကျိုတာဝါတွင်လည်းကောင်း တရုတ်နှစ်ကူးအလှတန်ဆာများကို ပြသခဲ့ကြသလို နယူးယောက် အင်ပါယာစတိတ် အဆောက်အဦတွင်လည်း ယခုနှစ်ပါဆိုလျှင် ၁၉ နှစ်တိုင်တိုင် နှစ်စဉ် နှစ်ကူးမီးထွန်း အလှတန်ဆာဆင်ခဲ့ရာ ကမ္ဘာ့နေရာအသီးသီးရှိ အထင်ကရ အဆောက်အဦများတွင် နွေဦးနှစ်ကူး ပွဲတော်အလှတန်ဆာများ ဆင်ထားကြသည်။ ပြင်သစ်၊ စင်ကာပူ၊ သြစတြေးလျ၊ နယူးဇီလန်စသည့် နိုင်ငံအများအပြား၏စာတိုက်များကလည်း ဝက်နှစ်နှစ်ကူး တံဆိပ်ခေါင်းများ ထုတ်ဝေခဲ့ကြသည်။

အားလုံးတူညီပြုံးပျော်ရွှင်ကြသည့် တရုတ်နှစ်ကူး နွေဦးပွဲတော် မြင်ကွင်းများ (ဆင်ဟွာ)

အားလုံးတူညီပြုံးပျော်ရွှင်ကြသည့် တရုတ်နှစ်ကူး နွေဦးပွဲတော် မြင်ကွင်းများ (ဆင်ဟွာ)

အားလုံးတူညီပြုံးပျော်ရွှင်ကြသည့် တရုတ်နှစ်ကူး နွေဦးပွဲတော် မြင်ကွင်းများ (ဆင်ဟွာ)

အားလုံးတူညီပြုံးပျော်ရွှင်ကြသည့် တရုတ်နှစ်ကူး နွေဦးပွဲတော် မြင်ကွင်းများ (ဆင်ဟွာ)

အားလုံးတူညီပြုံးပျော်ရွှင်ကြသည့် တရုတ်နှစ်ကူး နွေဦးပွဲတော် မြင်ကွင်းများ (ဆင်ဟွာ)

နွေဦးပွဲတော်သည် တစ်ကမ္ဘာလုံးရှိ တရုတ်နွယ်ဖွားအမျိုးသားများ၏ နွေးထွေးသည့် မင်္ဂလာပွဲတော် ဖြစ်ရုံသာမက လူအများပျော်ရွှင်စွာဆင်နွဲကြသည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။ နှစ်ကူးအခါသမယ တွင် အများက တရုတ်လူမျိုးများနှင့်အတူ တရုတ်ရိုးရာစားကောင်းသောက်ဖွယ်ဟင်းလျာများ စားသုံးလေ့ရှိသလို ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၁၃၀ ကျော်ရှိ မြို့ကြီးမြို့ငယ်နေရာအနှံ့တွင်လည်း နဂါးအကခြင်္သေ့အကများကို ကြည့်ရှုကြ၊ ဘုံကျောင်းဘုရားကျောင်းများသွားလည်ကြနှင့် စည်ကားလျက်ရှိသည်။

ဒုတိယအနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပေါင်းစည်းမှု၊ဖလှယ်မှုများကို တွေ့ရမည်ဖြစ် သည်။

တရုတ်နှစ်ကူး နွေဦးပွဲတော် အခါရောက်လေတိုင်း သန်းရာနှင့်ချီသည့် လူများ၏ သမိုင်းမော်ကွန်းတင် ရွှေ့ပြောင်းသွားလာမှုက နိုင်ငံခြားမီဒီယာများကို အံသြမင်သက်စေသည်။ ၂၀၁၉ခုနှစ် နှစ်ကူးပွဲတော် ကာလတွင် လူသန်းပေါင်း ၃၀၀၀ ခန့်က ခရီးသွားကြမည်ကို တွေ့မြင်ရမည်ဖြစ်သလို Facial recognition၊ speech recognition ၊VR navigationစသည့် နည်းပညာသစ်များက တရုတ်လူမျိုးများ ၏အိမ်ပြန်လမ်းခရီးကို ပိုမိုလုံခြုံအဆင်ပြေလွယ်ကူစေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း Asia Timesတွင် ဖော်ပြထားသည်။

အိမ်ပြန်နှစ်ကူးခရီးသည် တရုတ်လူမျိုးများ၏ မိသားစုနှင့်ဆွေမျိုးမိတ်ဆွေသင်္ဂဟများအပေါ် ထားရှိ သည့် သံယောဇဉ်၊ ရိုးရာယဉ်ကျေးမှုကို အလေးထားပုံများကို တွေ့ရမည်ဖြစ်သလို သိပ္ပံနည်းပညာသစ် များ တစ်ဟုန်ထိုးတိုးတက် တွင်ကျယ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံခြားသွင်းကုန် နှစ်ကူးပစ္စည်းဝယ်ယူခြင်းက နှစ်သစ်၏ဓလေ့တစ်ခုဖြစ်နေရာ ဘော်စတွန်က ပုဇွန်ထုပ်၊ အာဂျင်တီးနားက အမဲသား၊ ချီလီက ချယ်ရီသီး၊ ပြင်သစ်က စပျစ်ဝိုင်၊ နယ်သာလန်က နွားနို့၊ ထိုင်းနိုင်ငံက ဆန် စသည့် ခေတ်သစ်ပိုးလမ်းကြီးတစ်လျှောက်ရှိ အကောင်းဆုံးပစ္စည်းများကို တရုတ်နှစ်ကူးစားပွဲ ၊ဈေးဝယ်တွန်းလှည်းများတွင် တွေ့ရမည်ဖြစ်သည်။

နှစ်သစ်နိုင်ငံခြားခရီးထွက်လည်ပတ်ခြင်းကလည်း ခေတ်ရေစီးကြောင်းတစ်ခုဖြစ်နေသည်။ ၂၀၁၉ ခုနှစ် နှစ်ကူးကာလတွင် နိုင်ငံခြားသို့ ခရီးထွက်သွားလာမည့်သူ ၇ သန်း ကျော်ရှိကြောင်း ပြည်တွင်း ခရီးသွားဌာနများ၏ ကြိုတင်ခန့်မှန်းချက်များအရ သိရသည်။ နိုင်ငံအသီးသီးကလည်း နည်းလမ်း အသွယ်သွယ်ဖြင့် တရုတ်ခရီးသွားများကို ဆွဲဆောင်လျက်ရှိရာ အီတလီနိုင်ငံ ခရီးသွားမြို့ ၁၀ မြို့ ကျော်ရှိ အငှားယာဉ်များက Alipayငွေပေးချေမှုစနစ်ကို ဖွင့်လှစ်ထားသလို လန်ဒန်ရှိစားသောက်ဆိုင် များတွင်လည်း တရုတ်နှစ်ကူးစားသောက်ဖွယ်ဟင်းလျာအမျိုးအမည်များကို ထပ်တိုးထားကာ ထိုင်းနိုင်ငံလေဆိပ်တွင် တရုတ်ခရီးသွားများအတွက် သီးသန့် လမ်းကြောင်း တစ်ခုကို ဖွင့်လှစ်ထား သည်။ တရုတ်နှစ်သစ်မင်္ဂလာအငွေ့အသက်က ကမ္ဘာ့နေရာအသီးသီးကို ပြန့်နှံ့နေသည်ကို တွေ့မြင် ကြရမည်ဖြစ်သည်။

တရုတ်နှစ်သစ်နွေဦးပွဲတော်သည် စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေးနိုင်သလို ယဉ်ကျေးမှု ဖလှယ်ပေါင်းစည်းမှုများကိုလည်း အပြုသဘောဆောင်တွန်းအားဖြစ်စေသည်။

တတိယအနေဖြင့် နွေဦးပွဲတော်မှတစ်ဆင့် ကမ္ဘာကို နွေးထွေးစေသည့် တရုတ်လူမျိုးများ၏ စိတ်ဓာတ်ကို တွေ့မြင်ရမည်ဖြစ်သည်။

စစ်မှန်သည့်သံယောဇဉ်နှင့်မှန်ကန်သည့်သဘောထားကိုလက်ကိုင်ထားရန်၊ မိသားစုချင်းနိုင်ငံချင်း ချစ်ချစ်ခင်ခင်သင့်သင့်မြတ်မြတ်ရှိရန်မှာ တရုတ်နှစ်ကူးနွေဦးပွဲတော်၏ အဓိက စိတ်ဓာတ်ယဉ်ကျေးမှု တစ်ခုဖြစ်သလို လူသားအားလုံး၏ တူညီသည့် စိတ်ဆန္ဒလည်းဖြစ်သည်။

ကွန်ဖြူးရှပ်အတွေးအခေါ် မိဘနှင့်သက်ကြီးဝါကြီးလူကြီးများကို ကျေးဇူးသိတတ်ခြင်း၊ လေးစားခြင်း စသည့် ကျင့်ဝတ်များက တရုတ်လူမျိုးများ၏အတွေးအမြင် သဘောထားများကို ယနေ့တိုင် ပုံသွင်း သက်ရောက်မှုရှိဆဲဖြစ်ရာ နှစ်သစ်တွင် မိဘဘိုးဘွားအား ရှိခိုးကန်တော့ခြင်း တမ်းတအောက်မေ့ခြင်း များက ယဉ်ကျေးမှုကိုဆက်ခံခြင်းတစ်မျိုးပင်ဖြစ်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံ နိုင်ငံရေးလေ့လာသူပညာရှင် ဒမီထရစ်ကဆဲလ်လပ်ကလည်း မိသားစု၊နိုင်ငံ၊နေထိုင်မှု ပုံစံမှန်ဆိုသည်မှာအဘယ်နည်းဆိုသည်ကို တရုတ်ယဉ်ကျေးမှု အရှေ့တိုင်းအတွေးအခေါ်ဖြင့် ကမ္ဘာကိုသိအောင်ဖြန့်ချိနေခြင်းဖြစ်ကြောင်းသည်ဟု ဆိုသည်။

တရုတ်လူမျိုးများ၏ဇာတိဌာနေနှင့်မိသားစုကို ထားသည့်သံယောဇဉ်မှစ၍ မတူညီသည့် လူမျိုး၊ ဘာသာ၊နိုင်ငံအကြားတွင်ထားရှိသည့် ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာ ၊နိုင်ငံများအကြား သင့်သင့်မြတ်မြတ်နှင့်မိသားစုသဖွယ် သမာသမတ်ကျစွာဖြင့် မျှမျှတတဆက်ဆံလိုသည့် စိတ်ရင်းစေတနာများသည် တရုတ်နှစ်ကူး နွေဦးပွဲတော်၏ယဉ်ကျေးမှုအနှစ်သာရပင်ဖြစ်သည်။ နွေဦးပွဲတော်တွင် တရုတ်လူမျိုးများ၏ သာယာလှပသည့် ကမ္ဘာ၊ လူသားမျိုးနွယ်တို့၏ကံကြမ္မာတူ အကျိုးတူအသိုက်အဝန်းတည်ဆောက်ရာတွင် သမိုင်းတာဝန်ကို ထမ်းဆောင်လိုသည့် စိတ်ဆန္ဒများ ပါဝင်နေသည်။

တရုတ်နိုင်ငံ၏ အားလုံးအတူချစ်ခင်သင့်မြတ်စွာနေထိုင်ရေး၊ အပြန်အလှန်လက်ခံလေ့လာဆည်းပူး ရေး၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးများက လူသားမျိုးနွယ်တို့ စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် လမ်းစ လမ်းကောင်းတစ်ခု ဖြစ်စေသည်။

ဘက်ပေါင်းစုံဝါဒကို ထိန်းသိမ်းကာကွယ်ခြင်း၊ ခေတ်သစ်ပိုးလမ်းမကြီးကိုအတူလက်တွဲ တွန်းအားပေး တည်ဆောက်ခြင်းများသည် တရုတ်နိုင်ငံ၏ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သည့် ကမ္ဘာနှင့် အတူလက်တွဲပြီး တိုးတက်မှုလမ်းစဉ်ကို လျှောက်လှမ်းမည့် သဘောထားနှင့် ဆောင်ရွက်ချက်ပင် ဖြစ်သည်။

တရုတ်နှစ်ကူး နွေဦးပွဲတော်မှတစ်ဆင့် ကမ္ဘာက တရုတ်နိုင်ငံ၊တရုတ်ယဉ်ကျေးမှု၊ တရုတ်စိတ်ဓာတ်ကို ပိုမိုသိရှိနားလည်လာသလို တီထွင်ဖန်တီးမှု၊စည်းလုံးမှု၊တာဝန်သိမှုနှင့် ပြည့်စုံသည့် တရုတ်နိုင်ငံကို လက်တွေ့မျက်ဝါးထင်ထင်တွေ့မြင်သိရှိကြပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.