Connect with us

Asia

ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၁၆ဦးသေဆုံး

ပါကစ္စတန်တွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် Khyber Pakhtunkhwa ပြည်နယ် Karak ခရိုင်တွင် ဖေဖော်ဝါရီ ၆ ရက်က ခရီးသည်တင်ဗင်ကားတစ်စီးသည် ပစ်ကပ်ထရပ်ကားတစ်စီးအား ဝင်တိုက်ခဲ့ကြောင်း ပြည်တွင်းသတင်းများ၌ဖော်ပြခဲ့သည်။

ပြည်နယ်မြို့တော် Peshawar မြို့မှ ထွက်ခွာလာသော ဗင်ကားသည် လမ်းရှုပ်ထွေးသော အဝေးပြေးလမ်းမတစ်ခု၌ တစ်ဖက်ယာဉ်ကြောမှ ထရပ်ကားအား ခေါင်းချင်းဆိုင်တိုက်မိခဲ့ကြောင်း Samaa News ကဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုကြောင့် ဗင်ကား၏ ဓါတ်ငွေ့အိုးပေါက်ကွဲသွားခဲ့ရာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး ကားတစ်စီးလုံးပျက်စီးသွားခဲ့ကာ ကားအတွင်းရှိ ခရီးသည် ၁၆ဦးမီးလောင်သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးဝန်ထမ်းများသည် မော်တော်ယာဉ်၏ သတ္တုအပိုင်းအစများကို ဖြတ်၍ ရုပ်အလောင်းများကို သယ်ထုတ်ခဲ့ရကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် ယာဉ်များအိုဟောင်းနေခြင်း၊ လမ်းများယိုယွင်းပျက်စီးနေခြင်း နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာမှုမရှိသောကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.