Connect with us

Asia

တရုတ်သမ္မတ နှင့် လာအိုဝန်ကြီးချုပ်တို့တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည်ရေးဆွေးနွေး

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် လာအိုနိုင်ငံဝန်ကြီးချုပ် (ယာ) တို့အား နိုဝင်ဘာ ၁၄ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့သည် နိုဝင်ဘာ ၁၄ရက်တွင် ဗီယက်နမ်နိုင်ငံ ဗီယန်ကျန်းမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆက်လက် ခိုင်မာလာစေရန်အတွက် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်သမ္မတ ဖြစ်သူ ရှီကျင့်ဖိန် က နှစ်နိုင်ငံ သည် ကုန်းမြေနှင့် ရေပြင်များဖြင့် ဆက်စပ်နေသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းများဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအကြား အစဉ်အလာမပျက်ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစွာ ဆက်လက်တည်ရှိလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ရှီက လာအိုနိုင်ငံ နှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လာမှုကို အထူးအလေးထားပါကြောင်း၊ လာအိုနိုင်ငံ နှင့် ပတ်သက်၍ ရင်းနှီးချစ်ကြည်သောမူဝါဒများ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း နှင့် ပြုပြင်ပြောင်းလဲမှုနှင့် ပြန်လည်ဆန်းသစ်မှုတို့အတွက် လာအိုပြည်သူများ ကြိုးပမ်းဆောင်ရွက်မှုများတွင် ကြီးမားသော အောင်မြင်မှုများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith က CPC ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး အဖြစ် ပြန်လည်ရွေးချယ်ခံရသော သမ္မတ ရှီကျင့်ဖိန် အတွက် ဂုဏ်ပြုဝမ်းမြောက်ပါကြောင်း၊ ရှီကျင့်ဖိန်နှင့် အတူ CPC ဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများသည် မဟာဗျူဟာမြောက်ပန်းတိုင်သို့ ရောက်ရှိအောင် လျှောက်လှမ်းနေသည့် လမ်းကြောင်း ၌ အောင်မြင်မှုများ ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ရှီ၏ ခရီးစဉ်ကို လာအိုပြည်သူများက အချိန်ကြာမြင့်စွာမျှော်လင့်ထားခဲ့ကြောင်း၊ ယင်းသမိုင်းဝင်ခရီးစဉ်သည် နှစ်နိုင်ငံ ပြီးပြည့်စုံသော မဟာဗျူဟာမြောက်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ကို မြှင်တင်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.