Connect with us

Asia

လူမှုဖူလုံရေးလုပ်ငန်းများတွင် တရုတ်-လာအို ပူးပေါင်းဆောင်ရွက်မှုများပိုမိုလုပ်ဆောင်ရန် ရှီတိုက်တွန်း

ဆေးရုံသစ်ပန္နက်ရိုက်အခမ်းအနား ၌တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ် (ယာ)တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ နှင့် လာအိုနိုင်ငံတို့သည် အများပြည်သူဆိုင်ရာ လူမှုဖူလုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း နိုဝင်ဘာ ၁၄ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

၎င်းက လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းမြို့တွင် တရုတ်နိုင်ငံမှတည်ဆောက်ပေးသည့် ဆေးရုံတစ်ရုံအတွက် ပြုလုပ်သည့် ပန္နက်ရိုက်အခမ်းအနား သို့ လာအိုနိုင်ငံ သမ္မတ ဘွန်ညံဗိုရာချစ် နှင့် အတူ တက်ရောက်စဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှီက နှစ်နိုင်ငံ ပူူးပေါင်းဆောင်ရွက်မှုများအား ပြည်သူတို့၏ လူမှုနေထိုင်မှု တိုးတက်ရေးကို ပိုမိုအလေးထားသင့်ကြောင်း၊ သို့မှသာ ဒေသခံများအတွက် ပိုမို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ က ကူညီထောက်ပံ့ပေးသည့် ကျန်းမာရေးဆိုင်ရာ စီမံကိန်းများ တွင် ဗီယန်ကျန်းမြို့ရှိ Mahosot ဆေးရုံအား တိုးချဲ့တည်ဆောက်ခြင်း နှင့် ယင်းဆေးရုံအတွင်း ဆေးပညာဆိုင်ရာအဆောက်အအုံများ တည်ဆောက်ခြင်း တို့ပါဝင်ကြောင်း သိရသည်။

အများပြည်သူဆိုင်ရာ လူမှုဖူလုံရေးကဏ္ဍတွင် တရုတ်-လာအိုပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသောစီမံကိန်းတစ်ခုအဖြစ် ဆေးရုံသစ်အား ၂၀၂၁ခုနှစ်တွင် စတင်အသုံးပြုနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.