Connect with us

Asia

တရုတ်သမ္မတ ရှီကျင့်ဖိန် က ငလျင်ဒဏ်ခံခဲ့ရသည့် ဂျပန်နိုင်ငံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် လွန်ခဲ့သည့် တစ်ပတ်က လှုပ်ခတ် ခဲ့သည့် ငလျင်နှင့်ပတ်သက်၍ လူသေဆုံးများဖြစ်ပေါ်ခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဂျပန် ဧကရာဇ် Akihito ထံ ဧပြီလ ၁၈ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

သဝဏ်လွှာ ၌ ရှီက ဂျပန်နိုင်ငံ Kumamoto စီရင်စုတွင် ငလျင်လှုပ်ခတ်ခဲ့ရာ နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး လူများစွာသေဆုံးခဲ့ရသည် ဟု ကြားသိရသည့်အတွက် အလွန် ဝမ်းနည်းရပါကြောင်း ဖော်ပြထားသည်။

ရှီက ငလျင်ကြောင့် သေဆုံးခဲ့သူများ နှင့် ထိခိုက်ဒဏ်ရာရရှိသူများ ၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းရ ပါကြောင်း နှင့် ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားခဲ့သည်။
၎င်းက ဂျပန်လူမျိုးများအားလုံး အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး နေအိမ်များ ပြန်လည် တည်ဆောက်နိုင်ပါစေကြောင်းလည်း ဆုတောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ဂျပန်နိုင်ငံ Kumamoto စီရင်စု တွင် ဧပြီလ ၁၄ရက်နေ့မှ ဧပြီလ၁၆ရက် အထိ လှုပ်ခတ်ခဲ့သည့် အင်အား ၆.၅ နှင့် ၇.၃ ရှိမြေငလျင်များနှင့် နောက်ဆက်တွဲ ငလျင် ၅၀၀ကျော်ကြောင့် အနည်းဆုံးလူ ၄၂ဦးသေဆုံးခဲ့ပြီး ၁၀၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.