Connect with us

Asia

တရုတ်-ပါကစ္စတန် နှစ်နိုင်ငံပူးပေါင်း၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှု များအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပပ်ပီ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန် နှစ်နိုင်ငံပူးပေါင်းပြုလုပ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှု “ရဲဝင့်စစ်သည်-၆” လှုပ်ရှားမှုကို ဇန်နဝါရီ ၅ ရက်က ပါကစ္စတန်နိုင်ငံ Punjab ပြည်နယ်ရှိ Pabbi အမျိုးသား အကြမ်းဖက်ဆန့်ကျင် တိုက်ဖျက်မှု လေ့ကျင့်ရေးစခန်းတွင် အောင်မြင်စွာ အဆုံးသတ်နိုင် ခဲ့ကြောင်း သိရသည်။

ယခုပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ကင်းထောက်ရှာဖွေစစ်ဆေးခြင်း၊ တပ်ဖြန့်ကျက်ခြင်း၊ လျှပ်တစ်ပြက်တိုက်ခိုက်ခြင်း၊ အဆောက်အဦများအတွင်းသို့ ဝင်ရောက်ရှာဖွေရှင်းလင်းခြင်း ၊ မြေပြင်နှင့် ဝေဟင်ပူးတွဲ လိုက်လံတိုက်ခိုက်ခြင်းစသည့်ကဏ္ဍများပါဝင်ကြောင်း သိရသည်။

“ရဲဝင့်စစ်သည်-၆” တရုတ်-ပါကစ္စတန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးအတွက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ပူးတွဲစစ်ရေးလေ့ကျင့်စဉ်ကာလအတွင်း နှစ်နိုင်ငံအကြား အကြမ်းဖက်ဆန့်ကျင် တိုက်ဖျက်ရေး စစ်နည်းဗျူဟာများကို အပြန်အလှန်သင်ယူလေ့လာဖလှယ်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.