Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ မုန်တိုင်း နှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၁၂၆ ဦးထိ ရှိလာ

ဖိလစ်ပိုင်နိုင်ငံ၌ မုန်တိုင်း နှင့် မြေပြိုမှုများ ကြောင့် နေအိမ်တစ်လုံးပြိုကျနေစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အင်အားအလွန်ပြင်းထန်သော မုန်တိုင်းတစ်လုံး တိုက်ခတ်ခံရပြီးနောက် ဖိလစ်ပိုင်နိုင်ငံ၌ ရေကြီးမှု နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိသေဆုံးသူ ၁၂၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အစိုးရသဘာဝဘေးအန္တရာယ်အေဂျင်စီတစ်ခုက ယနေ့ဇန်နဝါရီ ၆ ရက်တွင်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲရေးကောင်စီ(NDRRMC) က အချင်းဖြစ်ဒေသများတွင် ပျောက်ဆုံးနေသူ ၂၆ ဦးထိ ရှိနေသေးကြောင်း ဆိုသည်။

ထို့ပြင် သဘာဝဘေးဒဏ်သင့်ပြည်သူအရေအတွက်မှာ ၆၇၅,၇၇၇ ဦး (သို့မဟုတ်) မိသားစုပေါင်း ၁၅ဝ,၈၇၇ ခု ထိ မြင့်တက်သွားပြီ ဖြစ်ကြောင်း NDRRMC အစီရင်ခံစာတွင် ဖော်ပြထားသည်။

သေဆုံးသူအများစုမှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုအတွင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

အင်အားပြင်းမုန်တိုင်းတစ်လုံးသည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ယင်းမုန်တိုင်းဒဏ်ကြောင့် နိုင်ငံအလယ်ပိုင်း နှင့် တောင်ပိုင်းဒေသများတွင် မြေပြိုမှုများ နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ၂ဝ၁၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ရာသီဥတုဘေးဒဏ် ၂၁ ခုအနက် အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် လူအသေအပျောက်အများဆုံးဖြစ်ပေါ်ခဲ့ရကြောင်း နှင့် စူပါတိုင်ဖွန်းမုန်တိုင်းတစ်လုံးကြောင့် ဖိလစ်ပိုင်အဓိကကျွန်းမကြီး Luzon ၏ မြောက်ဖက်စွန်းပိုင်းတွင် လူ ၉၅ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် တိုင်ဖွန်းမုန်တိုင်း နှင့် လေပြင်းမုန်တိုင်းဒဏ် အကြိမ် ၂ဝ ခန့်နှစ်စဉ် ခံစားနေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.