Connect with us

Asia

တောင်ကိုးရီးယားသမ္မတ နှုတ်ထွက်ပေးရန် နိုင်ငံတစ်ဝန်းလုံးတွင်ဆန္ဒပြတောင်းဆို


ဆိုးလ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် အခြားနိုင်ငံအတွင်းရှိ မြို့ပေါင်းများစွာ၌ ပြည်သူထောင်ပေါင်းများစွာက (ယခင်) သမ္မတအကြံပေးနှင့် အထူးလူယုံဖြစ်သူ၏ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ သမ္မတပတ်ဂွန်ဟေးအား ရာထူးမှနှုတ်ထွက်ပေးရန် ဖယောင်းတိုင်မီးများထွန်းညှိကာ နိုဝင်ဘာလ ၅ ရက်ညပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

နိုင်ငံ၏ အရေးကိစ္စရပ်များနှင့် ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုများပြုလုပ်ခဲ့သည်ဟူသော သံသယမှုများဖြင့် သမ္မတအထူးလူယုံဖြစ်သူ Choi Soon-sil ၏ လုပ်ရပ်များအပေါ် သမ္မတပတ်ဂွန်ဟေးက ပြည်သူများအား ဒုတိယအကြိမ်တောင်းပန်မှုများပြုလုပ်ပြီးနောက် ယခုကဲ့သို့နိုင်ငံတစ်ဝန်းလုံး၌ ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုးရီးယားနိုင်ငံ၌ သမ္မတနှုတ်ထွက်ရန် ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြတောင်းဆိုနေစဉ်(ဆင်ဟွာ)

တောင်ကိုးရီးယားနိုင်ငံ၌ သမ္မတနှုတ်ထွက်ရန် ပြည်သူထောင်ပေါင်းများစွာ ဆန္ဒပြတောင်းဆိုနေစဉ်(ဆင်ဟွာ)

ဆိုးလ်မြို့ရှိ Gwanghwanmun ပြည်သူ့ရင်ပြင်၌ ပြုလုပ်သော ဆန္ဒပြပွဲတွင် ခန့်မှန်းခြေ လူပေါင်း ၄၅,ဝဝဝ ကျော်တက်ရောက်ခဲ့ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီး ၊လွန်ခဲ့သောရက်သတ္တပတ် အစောပိုင်းက ပြုလုပ်သောဆန္ဒပြပွဲတွင်လည်း လူပေါင်း ၁၂,ဝဝဝ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံသမ္မတအိမ်ပြာတော်( Blue House) နှင့် ၁-၂ ကီလိုမီတာခန့်အကွာတွင်ပြုလုပ်သောဆန္ဒပြပွဲ၌ ဖြစ်ပေါ်လာနိုင်သော အခြေအနေအရပ်ရပ်ကို ကြိုတင်ကာကွယ်ရန် ရဲတပ်ဖွဲ့ဝင် ၁၈,ဝဝဝက လုံခြုံရေးရယူပေးခဲ့ကြောင်း သိရသည်။

ဆိုးလ်မြို့၌ ပြုလုပ်သော ဆန္ဒပြပွဲကို အစောပိုင်းတွင်လာရောက်ပြီး ပြန်သွားကြသူများပါ ရေတွက်မည်ဆိုပါက လူပေါင်း ၂ သိန်းကျော် ထိ ရှိနိုင်ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ အခြားအဓိကမြို့များ၌ ပြုလုပ်သော ဆန္ဒပြပွဲများတွင် တက်ရောက်ခဲ့သည့် ဦးရေမှာ လူပေါင်း ၁ သိန်းခန့်ရှိနိုင်ကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ အတိုက်အခံပါတီက အဓိက အခြေပြုထားသော မြို့များ၌ ဖယောင်းတိုင်မီးများထွန်းညှိကာဆန္ဒပြခဲ့ကြကြောင်း နှင့် ၎င်းနယ်မြေဒေသသည် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် အလွန်နီးကပ်သော မြို့များဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများက သတင်းဖော်ပြခဲ့သည်။( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.