Connect with us

Asia

ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေး တရုတ်နှင့် လတ်ဗီးယား သဘောတူ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဝဲ) နှင့် လတ်ဗီးယားနိုင်ငံ သမ္မတ ရိုင်မွန်စ် ဗီဂျိုနိစ် (ယာ) တို့ နိုဝင်ဘာလ ၄ ရက်က တွေ့ဆုံ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ရီဂါ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် လတ်ဗီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လတ်ဗီးယား သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး နယ်ပယ်များစွာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ကတိပြုခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ် လီသည် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ ၅ ရက်တွင် ပြုလုပ်မည့် 16+1 (တရုတ်နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်းနိုင်ငံများ) မူဘောင် အစည်းအဝေး တက်ရောက်ရန်အတွက် လည်းကောင်း ဘော်လ်တစ်နိုင်ငံများသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဝဲ) နှင့် လတ်ဗီးယားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ အင်နာရာ မာနိစ် (ယာ) တို့ နိုဝင်ဘာလ ၄ ရက်က တွေ့ဆုံ နှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

လတ်ဗီးယား သမ္မတ ရိုင်မွန်စ် ဗီဂျိုနိစ် (Raimonds Vejonis) နှင့် တွေ့ဆုံစဉ် လတ်ဗီးယားနိုင်ငံသည် ဘော်လ်တစ်ဒေသရှိ သူငယ်ချင်းကောင်းနှင့် မိတ်ဖက်ကောင်း ဖြစ်ကြောင်း လီက ဖော်ပြခဲ့ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် နှစ်ဦးနှစ်ဘက် လေးစားမှုနှင့် သာတူညီမျှမှုရှိရေး၊ နှစ်နိုင်ငံ ပြည်သူများ အကျိုးကျေးဇူးရရှိရေးကို အခြေခံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းစွာ ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း လီက ပြောကြားခဲ့သည်။ထို့ပြင် 16+1 မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်နိုင်ရေး၊ တရုတ်၊ လတ်ဗီးယား နှစ်နိုင်ငံနှင့် ဒေသတွင်း အခြားနိုင်ငံများ အပါအဝင် ဘုံ ဖွံ့ဖြိုးမှု ယူဆောင်ပေးနိုင်ရေးတို့ကို ဆန္ဒရှိကြောင်းလည်း တရုတ် ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။

လတ်ဗီးယား သမ္မတ ဗီဂျိုနိစ်ကလည်း တရုတ်နိုင်ငံသည် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံ ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ ထောက်ပံ့သယ်ပို့ခြင်းနှင့် လယ်ယာစိုက်ပျိုးရေး စသည့် ကဏ္ဍများ၌ တရုတ်နိုင်ငံနှင့်အတူ လတ်ဗီးယားနိုင်ငံက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြောင်း၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ကြောင်း၊ လာမည့် 16+1 အစည်းအဝေးက အောင်မြင်မှု ရရှိစေရန် လတ်ဗီးယားက မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။လတ်ဗီးယားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ အင်နာရာ မာနိစ် (Inara Murniece) နှင့် တွေ့ဆုံရာတွင် လီက နှစ်နိုင်ငံ ဥပဒေပြုလွှတ်တော်များနှင့် နိုင်ငံရေး ပါတီများ အချင်းချင်း ဖလှယ်ရေး၊ ယဉ်ကျေးမှုနှင့် အားကစား လှုပ်ရှားမှုများမှတဆင့် ပြည်သူ အချင်းချင်း ဖလှယ်ရေး စသည်တို့အား တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။ထို့ပြင် တရုတ်နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်း နိုင်ငံများ (China-CEE) ပူးပေါင်းဆောင်ရွက်မှုတွင် လတ်ဗီးယားနိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ 16+1 ၏ လုပ်ထုံးလုပ်နည်းအား တရုတ်နိုင်ငံက ဘက်ပေါင်းစုံမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကောင်းမွန်စွာ အသံုံးပြုသွားမည် ဖြစ်ကြောင်း၊ ဘက်စုံ အကျိုးကျေးဇူးများအတွက် ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများ ဖော်ထုတ်ရန်နှင့် နှစ်ဦးနှစ်ဘက် အောင်မြင်မှု ရရှိရန် ဆောင်ရွက်သွားကြရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။

လီ်၏ ခရီးစဉ်သည် ၁၉၉၁ ခုနှစ် ဆိုဗီယက်နိုင်ငံမှ လတ်ဗီးယား လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံ ဝန်ကြီးချုပ် တစ်ဦး လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ တရုတ် ဝန်ကြီးချုပ် လီခဲ့ချန်သည် ဥရောပနှင့် အာရှ ၈ ရက်တာခရီးစဉ်အဖြစ် သွားရောက်နေခြင်း ဖြစ်ပြီး ကာဂျစ်စတန်နှင့် ကာဇက်စတန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဖြစ်ကာ ရုရှားနိုင်ငံ၌ ခရီးစဉ် အဆုံးသတ်မည် ဖြစ်သည်။ (Xinhua)