Connect with us

Asia

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု ပိုမိုနက်ရှိုင်း အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံ သမ္မတ ပြောကြား

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် တို့ မှ လက်ဆွဲ နှုတ်ဆက် နေကြသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် က သြဂုတ်လ ၁၅ ရက် ၌ ကျင်းပ ပြုလုပ်သည့် အမျိုးသား လွတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု ပိုမိုနက်ရှိုင်း အောင် ဆောင်ရွက်မည် ဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ် ဘက်စုံ နျူကလီးယား ကင်းစင်ရေး နှင့် ငြိမ်းချမ်းရေး တရားဝင် တည်ဆောက်ပြီးချိန်တွင် မြောက်ကိုရီးယား နိုင်ငံ နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စတင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မွန်ဂျေအင် က ကိုရီးယား ကျွန်းဆွယ် နိုင်ငံရေးအရ ပေါင်းစည်းမှု က ခရီးဝေး အား လျှောက်လှမ်း ရမည် ဖြစ်ပြီး တောင်-မြောက် ကိုရီးယား ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင် ရမည် ဖြစ်ကြောင်း ၊ လွတ်လပ်စွာ သွားလာရေး နှင့် စီးပွားရေး အသိုက်အဝန်း တည်ဆောက်ပြီးချိန် မှ ခွဲထွက်မှုကြောင့် ပေါ်ပေါက်လာသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည် ဖြစ်ပြီး စစ်မှန်သည့် လွတ်မြောက်ခြင်း ကို ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မွန်ဂျေအင် က စက်တင်ဘာလ တွင် ပြုံယမ်း မြို့၌ နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေး တစ်ရပ် ကျင်းပ ရန် အကြံပြု ခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကတိ ပြုခဲ့သည်။ ထို့ပြင် မွန်ဂျေအင် က တောင်-မြောက်ကိုရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက် လာခြင်း သည် မြောက်ကိုရီးယား နှင့် အမေရိကန် နိုင်ငံ အကြား ဆက်ဆံရေး ပြေလည် လာခြင်းကြောင့် ဖြစ်တည်လာခြင်း မဟုတ်ဘဲ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကို တွန်းအားပေး ဆောင်ရွက်ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက် တွင် ကိုရီးယား ကျွန်းဆွယ် က ဂျပန် နိုင်ငံ ၏ အုပ်ချုပ်မှုအောက် မှ လွတ်မြောက် နိုင်ခဲ့ခြင်း ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံ ကလည်း ယင်းနေ့ အား လွတ်မြောက်ရေးနေ့ အဖြစ် သတ်မှတ် ခဲ့ပြီး နှစ်စဉ် အထိမ်းအမှတ် အခမ်းအနား ကျင်းပ လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.