Connect with us

Asia

အိန္ဒိယ နိုင်ငံ တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လွန်ခဲ့သည့် တစ်ပတ် အတွင်း ၆၇ ဦး သေဆုံး

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွား နေသည့် နေရာ တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ တောင်ပိုင်း Kerala ပြည်နယ် တွင် သြဂုတ်လ ၈ ရက် မှ စတင်၍ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လူပေါင်း ၆၇ ဦး သေဆုံး ခဲ့ကြောင်း ပြည်နယ် ဝန်ကြီးချုပ် Pinarayi Vijayan က သြဂုတ်လ ၁၅ ရက် တွင် ပြောကြား ခဲ့သည်။

Kerala ပြည်နယ် သဘာဝဘေး ထိန်းချုပ်ရေး ဌာန အရာရှိ တစ်ဦး ၏ ပြောကြားချက် အရ သြဂုတ်လ ၁၅ ရက် တစ်နေ့တည်းတွင် မိုးရွာသွန်းမှုကြောင့် လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ကြောင်း ၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့သည့် အပြင် ရေကြီးရေလျှံမှုကြောင့် ကားလမ်း နှင့် အိမ်ခြေ ရာနှင့်ချီ၍ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

သတင်းပေးပို့ချက်များအရ အိန္ဒိယ နိုင်ငံ တွင် ဖြစ်ပွား နေသည့် မိုးဆက်တိုက်ရွာသွန်းမှု အား အိန္ဒိယ နိုင်ငံ အမျိုးသား ကယ်ဆယ်ရေး တပ်ဖွဲ့ အပြင် ကြည်း ၊ ရေ ၊ လေ တပ်ဖွဲ့ဝင် များမှလည်း တပ်ဖွဲ့ဝင် များအား သဘာဝဘေး ကျရောက်သည့် ဒေသများ သို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စေလွှတ် ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၅ ရက် မှ စတင်၍ လာမည့် ၃ ရက် အတွင်း မိုးရွာသွန်းမှုများ ဆက်လက် ဖြစ်ပွား နေမည် ဖြစ်ပြီး သက်ဆိုင်ရာ ဒေသရှိ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ခွာကြရန် ၊ တံငါသည် များ ငါးဖမ်း မထွက်ကြရန် သတိ ပေးခဲ့ကြောင်း သိရှိရသည်။အိန္ဒိယ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၏ သြဂုတ်လ ၁၂ ရက် ထုတ်ပြန်ချက်အရ ယခုနှစ် မိုးရာသီ အတွင်း ရေဘေးကြောင့် သေဆုံးသူပေါင်း ၇၇၄ ဦး ရှိခဲ့ပြီး Kerala ပြည်နယ် တွင် လူပေါင်း ၁၈၇ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)