Connect with us

Asia

ထိုင်ဝမ် ငလျင် နစ်နာ ဆုံးရှုံးသူများ အတွက် တရုတ်၊ ဂျပန်နှင့် စင်ကာပူ ခေါင်းဆောင်များမှ ဝမ်းနည်းစကား ပြောကြားခဲ့

ငလျင်ကြောင့် ပြိုကျနေသည့် အဆောက်အဦများ အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ထိုင်ဝမ်၏ တောင်ဘက် တိုင်နန်မြို့၌ ဖေဖော်ဝါရီလ ၆ ရက် နံနက်တွင် ပြင်းအား ၆.၇ ရစ်ချ်တာ စကေးအဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် နစ်နာ ဆုံးရှုံးခဲ့ရသူများနှင့် ပျက်စီးမှုများအတွက် တရုတ်၊ ဂျပန်နှင့် စင်ကာပူနိုင်ငံများမှ ခေါင်းဆောင်များက ကြေကွဲ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည့် အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ငလျင်ဒဏ်ကြောင့် ထိခိုက် နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသူများ အတွက် ကြေကွဲ ဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ငလျင်ကြောင့် ကြီးမားစွာ ပျက်စီး ဆုံးရှုံးခဲ့မှုများ ကြားသိရ သည့်အတွက် အလွန်ပင် စာနာမိကြောင်းနှင့် သေဆုံးသူများ အတွက်လည်း ဝမ်းနည်းရကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ ထိုင်ဝမ် ငလျင်ဒဏ်သင့် ဒေသ ပြန်လည် တည်ထောင်ရေး အတွက် ဂျပန်နိုင်ငံ အနေဖြင့် ကူညီရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က ဖေဖော်ဝါရီလ ၆ ရက် အစောပိုင်းက ထိုင်ဝမ်၌ လှုပ်ခတ်ခဲ့သည့် ငလျင် သတင်းအား ကြားသိရသည့်အတွက် စင်ကာပူ အစိုးရအနေဖြင့် ဝမ်းနည်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ငလျင်ကြောင့် ချစ်သူခင်သူများ ဆုံးရှုံးခဲ့ရသူ တစ်ဦးစီတိုင်းအတွက် အလွန်ကြေကွဲရပါကြောင်း” စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ၎င်း၏ ဖေ့ဘွတ် စာမျက်နှာ၌ ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၆ ရက် နေ့လည် ၁း၂၀ နာရီ အချိန်အထိ ပြင်းအား ၆.၇ ရစ်ချ်တာ စကေးရှိ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၇ ဦး အထိ တိုးမြင့်လာခဲ့ပြီး တိုင်နန်မြို့ ရောင်ကံ ဒေသရှိ ပြိုကျခဲ့သည့် ၁၇ ထပ် ဝေဂေါင် အဆောက်အဦအတွင်းမှ လူပေါင်း ၂၄၆ ဦးအား မီးသတ်သမားများနှင့် စစ်သားများက လှေကားများ အသုံးပြု၍ ကယ်ထုတ်ခဲ့ရကြောင်း၊ အိမ် ထောင်စုပေါင်း ၉၀ ကျော်နှင့် လူဦးရေ ၂၅၆ ဦးခန့်မှာ အခြားပြိုကျနေသည့် အဆောက်အဦများအတွင်း၌ အသက်ရှင်လျက် ပိတ်မိနေကြောင်း၊ လူပေါင်း ၃၁၈ ဦးမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း ဒေသခံ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး အာဏာပိုင်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.