Connect with us

Asia

မြောက်ကိုရီးယားက ဂြိုလ်တုအောင်မြင်စွာ လွှတ်တင်နိုင်ကြောင်း ကြေညာ

မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ ဂြိုလ်တု လွှတ်တင်မှု အား တောင်ကိုရီးယား ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသနေပုံ (ဆင်ဟွာ)

ပြုံယမ်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် Kwangmyongsong-4 ဂြိုလ်တုအား ဖေဖော်ဝါရီ ၇ ရက်နေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း KCTV ရုပ်သံက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကမ္ဘာမြေလေ့လာရေး ဂြိုလ်တု အား Phyongan ပြည်နယ် မြောက်ပိုင်း Cholsan စီရင်စု ရှိ Sohae အာကာသ စခန်းမှ ဒေသစံတော်ချိန် နံနက် ၉ နာရီ (ဂရင်းနစ်စံတော်ချိန် 0030) တွင် လွှတ်တင်ခဲ့ပြီး နောက် သတ်မှတ် ဂြိုလ်ပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း KCTV ကဖော်ပြခဲ့သည်။

ဂြိုလ်တုလွှတ်တင်ရေး ခွင့်ပြုမိန့်အား မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်းက ဖေဖော်ဝါရီ ၆ ရက်တွင် လက်မှတ် ရေးထိုး ခွင့်ပြုပေးခဲ့ခြင်းပြီး KCTV က ကင်ဂျုံအန်း၏ လက်မှတ်အား ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။

ထိုသို့လွှတ်တင်ခြင်းအား မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ၏ မွေးနေ့မတိုင်မီ ၉ ရက် မြောက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မွေးနေ့နှစ်ပတ်လည် အခမ်းအနား ၏တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ကြောင်း သိရသည်။ (Xinhua)