Asia
ထိုင်းနိုင်ငံ၏ အစိုးရသစ်အဖွဲ့ဝင်ဝန်ကြီးများ ကျမ်းသစ္စာကျိန်ဆို

ဘန်ကောက်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ပရာယွတ်ချန်-အို-ချာ ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်တွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဇူလိုင်လ ၁၆ ရက်တွင်ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး ၃၆ ဦးတို့သည် ဒူးဆစ်နန်းတော်၌ ဘုရင်နှင့် မိဖုရား၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြကြောင်း သိရသည်။
အစိုးရအသစ်အနေဖြင့် လွှတ်တော်တွင် ဇူလိုင်လ ၂၅ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ရန်စီစဉ်ထားသော အစိုးရမူဝါဒဆိုင်ရာအပြန်အလှန်ဆွေးနွေးပွဲမတိုင်မီအထိ တရားဝင်ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ (Xinhua)