Connect with us

Asia

တောင်အာရှ တစ်ဝန်း လူဦးရေ ၆ သန်း ရေလွှမ်းမိုး မြင့်တက်မှု ခံစားနေရ

တောင်အာရှ ဒေသ အတွင်း ရေလွှမ်းမိုးမှု ဖြစ်ပွားသည့် နေရာများအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဒါကာ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

တောင်အာရှ တစ်ဝန်းရှိ လူဦးရေ ၆ သန်း နီးပါးသည် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းပြီးနောက် ရေလွှမ်းမိုး မှုများဖြင့် ကြုံတွေ့ ခံစား နေရကြောင်း နှင့် အိန္ဒိယ နိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် လူဦးရေ တစ်သန်းကျော် နေရပ် ရွှေ့ပြောင်း နေကြရကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း(IFRC) က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ နှင့် နီပေါ နိုင်ငံ တစ်ဝန်းတို့တွင် ကြက်ခြေနီ နှင့် လခြမ်းနီ စေတနာ့ ဝန်ထမ်းများသည် အရေးပေါ် အထောက်အပံ့များအား အပြေးအလွှား သွားရောက် ပို့ဆောင်ခဲ့ပြီး လာမည့် ရက်များတွင် ဒေသ အများအပြားတွင် ပို၍ ဆိုးလာဖွယ် ရှိသည့် အခြေအနေ အား ပြင်ဆင်ခဲ့ကြကြောင်း IFRC က ဇူလိုင် ၁၆ ရက်တွင် ကြေညာချက် တစ်ရပ်အား ထုတ်ပြန်ခဲ့ရာတွင် ဖော်ပြထားသည်။

တောင်အာရှ တစ်ဝန်းတွင် နှစ်စဉ် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှု နှင့် ရေလွှမ်းမိုးမှုများကြောင့် နေရပ် စွန့်ခွာ ရွှေ့ပြောင်းမှုများ နှင့် သေဆုံးမှုများ ဖြစ်ပေါ်ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံ၏ အရှေ့မြောက်ပိုင်း အာသံ ပြည်နယ်တွင် ဟိမဝန္တာ တောင်တန်းများမှ အိန္ဒိယ အတွင်းသို့ စီးဆင်း လာသော ဗြဟ္မပုတ္တရ (Brahmaputra) မြစ်သည် မြစ်ကမ်းပါး ရေတိုက်စားမှုများကြောင့် ကျေးရွာပေါင်း ၇၄၉ ရွာကျော်တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီးနောက် လူဦးရေ တစ်သန်းကျော်သည် နေရပ် စွန့်ခွာ ရွှေ့ပြောင်း ခဲ့ရကြောင်း သိရသည်။

နီပေါ နိုင်ငံ အရှေ့တောင်ပိုင်းတွင် အဆိုးရွားဆုံး ထိခိုက် ခံစားရသော ခရိုင်များသည် ရေအောက်တွင် နစ်မြုပ်နေကြပြီး ကြက်ခြေနီ ကယ်ဆယ်ရေး အသင်းများ လက်လှမ်းမမှီကြကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နိုင်ငံ၏ သုံးပုံ တစ်ပုံသည် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး လူဦးရေ ၁၄,၀၀၀ သည် နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေကြပြီး လူနေအိမ်ခြေ ၁၁,၀၀၀ ကျော် ပျက်စီးမှုများဖြင့် ကြုံတွေ့ရကြောင်း ၊ ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်က မိုးသည်းထန်စွာ ရွာသွန်းကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကော့ဘဇားမြို့တွင် မြေပြိုကျမှု အကြိမ်ရေ ၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူဦးရေ ၉၀၀,၀၀၀ သည် ယာယီ စခန်း များတွင် နေထိုင်နေကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း(IFRC)က ယင်းနိုင်ငံများတွင် ဒေသခံ ကြက်ခြေနီ အသင်း နှင့် လခြမ်းနီ အသင်းများ နှင့် အတူ ကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေး အားထုတ်မှုများအား အတူတကွ လုပ်ဆောင်နေကြကြောင်း နှင့် အကယ်၍ လိုအပ်ပါက နိုင်ငံတကာ အကူအညီများ ရရှိရန် ညှိနှိုင်းနေကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.