Asia
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် သေနတ်ပစ်ခတ်မှုကြောင့် ရဲတစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိ

ဘန်ကောက်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် သေနတ်ပစ်ခတ်မှုကြောင့် ရဲတစ်ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက် အစီရင်ခံစာများအရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် နာရာသီဝပ်(Narathiwat) ပြည်နယ်ရှိ ရဲစခန်း၏ မျာနှာချင်းဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းများအရ သိရသည်။
သေနတ်သမားသည် ရဲတစ်ဖွဲ့ယာဉ်တစ်စီးကို တိုက်ခိုက်ပြီးနောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းကပြောသည်။
ယင်းအခင်းဖြစ်ပွားရာနေရာတွင် M-16သေနတ်များနှင့် ပေါက်ကွဲစေသော ပစ္စည်း ၂၀ကီလိုဂရမ်ကို တွေ့ရှိခဲ့သည်။ဒဏ်ရာရရှိသူများကို ဒီဇင်ဘာ ၂၆ ရက် အစောပိုင်းက ဆေးရုံသို့ပို့ ဆောင်ပေးခဲ့သည်။ ထိုတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်းသိရသည်။
နာရာသီဝပ်(Narathiwat) ပြည်နယ်သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင်အများစုနေထိုင်ရာ ပြည်နယ်သုံးခုအနက် တစ်ခုဖြစ်ပြီး ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။
အဆိုပါ ဒေသတွင်း ခွဲထွက်ရေးသမားများ၏ တိုက်ခိုက်မှုကြောင့် ၂၀၁၄ခုနှစ်မှ စ၍ လူ ၆,၅၀၀ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။(Xinhua)