Connect with us

Asia

အိန္ဒိယ နိုင်ငံ တွင် ဆီတင်ကား နှင့် ခရီးသည်တင်ကား တိုက်မှု ဖြစ်ပွား ခဲ့ရာ လူအနည်းဆုံး ၁၁ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ယာဉ်မတော်တဆမှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဒီဇင်ဘာ ၂၄ ရက် ညပိုင်းအချိန်တွင် အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် ၌ ဆီတင်ကား နှင့် ခရီးသည်တင်ကား တိုက်မှုဖြစ်ပွာ ခဲ့ရာ လူ အနည်းဆုံး ၁၁ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ယာဉ်တိုက်မှု က Maharashtra ပြည်နယ် မြို့တော် အရှေ့ပိုင်းရှိ Yavatmal ဒေသ တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ ယာဉ်တိုက်မှုကြောင့် လူအများ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်တွင် ဒဏ်ရာရရှိသူများအား ဆေးရုံ တွင် ဆေးဝါး ကုသမှု ခံယူနေကြောင်း ၊ အချင်းဖြစ်ပွား ရခြင်း နှင့် ပတ်သက်၍ ဒေသတွင်း ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ တွင် မော်တော်ယာဉ် များ ဝန်ပိုတင်ဆောင်ခြင်း ၊ လမ်းအခြေအနေ မကောင်းမွန်ခြင်း နှင့် ယာဉ်မောင်းများ စည်းကမ်းမလိုက်နာခြင်း စသည့် အကြောင်းရင်းများကြောင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ၊ စာရင်းပြုစုချက်အချို့ အရ အိန္ဒိယ နိုင်ငံ တွင် နှစ်စဉ် လူပေါင်း တစ်သိန်းခွဲကျော် က ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.